သတိရခြင်း

Words
73
Reading
1 min
Listen
Play
8y

image
Credit:Photo
လူတစ်ယောက်ကို သတိမရပဲ သတိရတယ်လို့ လွယ်လွယ်မပြောနဲ့ တစ်ချို့က မင်းထက် ပိုပြီးအသည်းနစ်အောင် သတိရတတ်ကြလို့ ...

လူတစ်ယောက်ကို တကယ်မတွေ့ချင်ပဲ တွေ့ချင်တယ်ဆိုပြီး အလွယ်တကူမချိန်းနဲ့ ...
တချို့က မင်းထက် အချိန်တွေကို ခိုးပြီးထွက်လာရ တတ်လို့ ...

လူတစ်ယောက်ကို တကယ်တန်ဖိုးမထားရင် မျော်လင့်ချက်တွေမပေးနဲ့ တချို့က မင်းထက် မျှော်လင့်ချက်နဲ့ အသက်ရှင်တတ်တဲ့ သူတွေရှိလို့ ...

လူတစ်ယောက်ကို တကယ် မမြတ်နိုးရင် မစော်ကားလိုက်နဲ့ တချို့က မင်းထက် ဂုဏ်သိက္ခာကို သေအောင်မြတ်နိုးတတ်ကြလို့ ...

လူတစ်ယောက်ကို တကယ်မချစ်ရင် ချစ်တယ်လို့ မပြောမိစေနဲ့ တချို့က မင်းထက် ဘဝနဲ့ ရင်းပြီးချစ်တတ်တဲ့ သူတွေရှိလို့ ...

ဖြစ်နိုင်ရင် ရင်ထဲကမပါတဲ့ စကားတွေ
စိတ်ထဲက မပါတဲ့ ဟန်ဆောင်မှုတွေနဲ့
ပြုမူလိုက်တာ ပြုလိုက်တဲ့သူကသာ ခံစားရသက်သာပေမဲ့ ...
တကယ် ချစ်ခဲ့သူတွေက သေလောက်အောင် ခံစားရတာ ...

ရိုးရိုးသတ်လဲ သေပါတယ် မျော်လင့်ချက်တွေ ပေးပြီးမှတော့ မသတ်ပါနဲ့ ...

Credit to Box

သတိရခြင်း | Ecency