မိမိကိုယ်ကိုယုံကြည်မှု

Words
4
Reading
1 min
Listen
Play
9y

လောကကြီးမှာလူတိုင်းသည်​လူတစ်​လုံးသူတစ်​လုံးဖြစ်​လာဖို့ဘဝရဲ့ရည်​မှန်​ချက်​ဆိုတာမဖြစ်​မ​နေရှိရမှာပါ။ရည်​မှန်းချက်​အများကြီးထားဖို့မလိုပါဘူးတစ်​ခုခုကိုသာတိတိကျကျခိုင်​ခိုင်​မာမာထားဖို့လိုတာပါ။မိမိလုပ်​​နေတဲ့အလုပ်​မှာ​အောင်​မြင်​မှုရရုံ​လောက်​သာမဟုတ်​ပဲအဆုံးသတ်​ပြီး​မြောက်​တဲ့အထိကြိုးပမ်းလုပ်​​ဆောင်​ရန်​ရည်​မှန်းချက်​ကြီးကြီးမားမားထားရမယ်​လို့ဆိုလိုခြင်းဖြစ်​ပါတယ်​။ဘဝတ​လျှောက်​မှာအဆင်​မ​ပြေမှု​တွေပကြုံ​နေရတယ်​လူ့အဆင့်​အတန်းမီ​အောင်​မ​နေရဘူးမလုပ်​ချင်​တဲ့အလုပ်​​တွေပဲလုပ်​​နေရတယ်​အရှုံး​တွေနဲ့သာရင်​ဆိုင်​​နေရတယ်​ဆိုတာဘာ​ကြောင့်​လဲ။ဘာ​ကြောင့်​လဲဆို​တော့သင့်​ရဲ့မိုက်​မဲ​တွေ​ဝေမှုကိုယ့်​ကိုကိုယ်​ယုံကြည်​စိတ်​ချမှုမရှိလို့ပဲဖြစ်​တယ်​။ကိုယ့်​ကိုကိုယ်​ယုံကြည်​မှုမရှိရင်​ဘာမှလဲလုပ်​မရသလိုလုပ်​ခဲ့ရင်​လဲအရှုံးဘက်​ကိုပဲဦးတည်​​နေမှာပါဘာ​ကြောင့်​လဲဆိုရင်​သင်​ဟာယုံကြည်​မှုမရှိတဲ့အတွက်​အလုပ်​မှာတွန်​ဆုပ်​တွန့်​ဆုပ်​ဖြစ်​​နေလို့ပါပဲ။ချီတုံချတုံနဲ့အလုပ်​လုပ်​တာ​တွေဟာ​အောင်​မြင်​​ရေးအတွက်​သုံးခွက်​တစ်​ခွက်​တင်​​တောင်​မဟုတ်​ဆယ်​ခွက်​တစ်​ခွက်​တင်​​တောင်​မ​သေချာပါဘူး။ကိုယ့်​ကိုကိုယ်​ယုံကြည်​မှုမရှိဘူးဆိုတာဟာအမှားအမှန်​ကို​ဝေဖန်​ပိုင်းခြားနိုင်​စွမ်းအရမ်းနည်း​နေလို့ပါ။

အကျိုးအ​ကြောင်းအဆိုးအ​ကောင်းကိုပီပီပြင်​ပြင်​​ဝေဖန်​ပိုင်းခြားနိုင်​ဖို့အတွက်​ယုံကြည်​မှုဆိုတာရှိကိုရှိရမှာပါ။လူဆိုတာယုံကြည်​မှုရှိမှ​အောင်​မြင်​မှုရနိုင်​တာပါ။ဘယ်​အလုပ်​မဆိုယုံကြည်​စိတ်​ထားပြီးလုပ်​ကိုင်​မှသာအလုပ်​ရဲ့အနှစ်​သာရအဓိပ္ပါယ်​ဟာပိုမို​လေးနက်​လာမှပါယုံကြည်​စိတ်​ကိုမြင့်​မြင့်​မားမားထားဖို့​တော့လိုပါတယ်​။ဒီယုံကြည်​စိတ်​ဖြစ်​လာ​စေဖို့နှိုး​ဆော်​​ပေးမယ့်​နှိုး​ဆော်​စိတ်​ရှိဖို့လိုအပ်​ပါတယ်​။ဒီနှိုး​ဆော်​စိတ်​ဟာတန်​ဖိုးသိပ်​ကြီးပါတယ်​ထပ်​တလဲလဲစိတ်​ကိုနှိုး​ဆော်​​စေခြင်းဖြင့်​မိမိရဲ့ယုံကြည်​စိတ်​ကိုပိုမိုခိုင်​မာလာ​စေပါတယ်​။မိမိစိတ်​ကိုဖိအား၊တွန်းအား​တွေပိုမိုပြင်းထန်​လာ​စေပါတယ်​။မ​ကောင်းတဲ့စိတ်​​တွေကိုဖယ်​ပြီး​ကောင်းတဲ့စိတ်​ကိုသာနှိုး​ဆော်​ပါဒါဆို​ကောင်းတဲ့ဘက်​မှာ​ပျော်​ရွှင်​လာပါလိမ့်​မယ်​။ဖြစ်​နိုင်​တာမဖြစ်​နိုင်​တာအသာထားမိမိကိုယ်​ကို​အောင်​မြင်​သူလို့​တော့မှတ်​ယူထားရမယ်​။အ​ရေးကြီးတာ​အောက်​​ခြေလွတ်​မသွားဖို့ပါပဲ။အချို့ကနှိုး​ဆော်​စိတ်​​တွေသိပ်​များပြီးဘဝင်​မြင့်​​နေတဲ့သူ​တွေလဲရှိတတ်​ပါတယ်​။ပြော​တော့မို့း၊ထိုး​တော့​မြေကြီးဆိုသလို​ပေါ့နှိုး​ဆော်​စိတ်​လွန်​ကဲသွားလို့ပါပဲအသိသတိ​လေးနဲ့ကိုယ့်​ကိုကိုယ်​နှိုး​ဆော်​ပြီးသတ္တိ​တွေ​မွေးမြူရမယ်​။မိမိကိုယ်​ကိုယုံကြည်​မှုရှိ​အောင်​သတိ​လေးနဲ့ယှဉ်​ပြီးနှိုး​ဆော်​​ပေး​နေခဲ့မယ်​ဆိုရင်​ဘဝမှာစိုးရိမ်​ပူပန်​မှု​တွေ၊ရင်​ခုန်​စိတ်​လှုပ်​ရှားရတာ​တွေကို​ကျော်​လွန်​ပြီး​အောင်​မြင်​မှုဆိုတာမလွဲမ​သွေရရှိလာမှာပါ။...

Author. Nainglinn image