ထွေရာလေးပါး သီတင်းများ

Words
174
Reading
1 min
Listen
Play
9y

ထွေရာ ၄ ပါး သီတင်းအတိုအစများimage
အားလုံးပဲ မာကလာပင် (အဲလေ) မင်ဂလာပါ ခင်ည
မြန်မာ အင်တာနေရှုင်နယ် သတင်းဌာန မှ အသံလွှင့် (ဟုတ်ပါဘူး)
ပိုစ့်တင် လွှင့်နေပါတယ်ခင်ည
အဟမ်း အဟမ်း ယခုဆိုရင်ဖြင့် …………

အီရန် ခရီးသည်တင် လေယာဉ် ပျက်ကျတဲ့ နေရာကို ရှာတွေ့ပေမယ့်လည်း ရာသီဥတု ဆိုးရွားမှုကြောင့် အလောင်းတွေ သယ်ယူဖို့ ကြန့်ကြာမှုတွေ ကြုံနေကြောင်း သိရပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက် မနက်ပိုင်းက ပျက်ကျခဲ့တဲ့ Aseman လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်ရဲ့ အပျက်အစီး အစိတ်အပိုင်းတွေကို ဇာဂရော့စ် နှင်းဖုံး တောင်တွေပေါ်မှာ ရှာတွေ့ခဲ့ပါတယ်။
image

ဆီးရီးယား စစ်တပ်က ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အရှေ့ဂူတား ဒေသမှာ အခြေအနေတွေ မမျှော်မှန်းနိုင်လောက်အောင် ဆိုးရွားနေနိုင်ကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။ ဆီးရီးယားအရေး စောင့်ကြည့်ကိုင်တွယ်ဖို့ ကုလသမဂ္ဂက ခန့်အပ်ထားတဲ့ အရာရှိ ပါနို့စ် မွမ်းတစ်ဇ်က ဒမတ်စကက် မြို့စွန်ရှိ အရှေ့ဂူတားမှာ ငရဲခန်းသဖွယ် အခြေအနေ ဆိုးနေနိုင်ကြောင်း ဝန်ခံခဲ့ပါတယ်။ ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က အရှေ့ဂူတားမှာ ၄၈ နာရီအတွင်း လူပေါင်း ၂၅၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ကြေညာထားပါတယ်။
image

ကျည်ဆန် တရစပ် ပစ်ခတ်နိုင်အောင် ပံ့ပိုးပေးတဲ့ သေနတ်ဒင်နဲ့ လက်ကိုင် အစိတ်အပိုင်းတွေ ရောင်းချမှုကို ပိတ်ပင်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြု လက်မှတ် ရေးထိုးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က လက်စ်ဗီးဂက်စ်ရှိ ဖျော်ဖြေပွဲ တစ်ခုမှာ လူ ၅၈ ဦး သေဆုံးအောင် ပစ်ခတ်ခဲ့တဲ့ သေနတ်သမားဟာ အဲ့ဒီလို သေနတ် အစိတ်အပိုင်းကို အသုံးပြုသွားခဲ့ပါတယ်။
image

J-20 ကိုယ်ပျောက် တိုက်လေယာဉ် အသစ်တွေဟာ တိုက်ပွဲဝင်အဆင့် တာဝန်ထမ်းဆောင်ဖို့ အသင့် ဖြစ်နေပြီလို့ တရုတ် လေတပ်က ကြေညာခဲ့ပါတယ်။ J-20 တွေဟာ တရုတ်မှာ ပြည်တွင်းဖြစ် တည်ဆောက်ထားပြီး တရုတ်လေတပ် သမိုင်းမှာ ပထမဆုံး ပိုင်ဆိုင်လာတဲ့ ကိုယ်ပျောက်စွမ်းရည်ရှိ (ရေဒါဖြင့် ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်သည့်) တိုက်လေယာဉ်တွေ ဖြစ်ကြပါတယ်။ image

ယခုလို ကြည့်ရှုပေးတယ့်အတွက် ကျေးဇူးတင်ပါတယ် ခင်ည
vote & comment လေးတွေနဲ့ အားပေးသွားကြပါဦးနော်
မြန်မာ့ အသံ (အဲလေ) မြန်မာ့ပိုစ့် မှ ဆက်လက် တင်နေပါတဟ်
တင်းတော် ……… မြန်မာစီတော်ချိန် ၁၂ ပိသာ ရှိပါပြီ (အာမှားလို့ )
မြန်မာစံတော်ချိန် နေ့လယ် ၂ နာရီ ရှိပါပြီ
…………

ထွေရာလေးပါး သီတင်းများ | Ecency