မနေ့ညက ပျင်းပျင်းရှိတာနဲ့ ဇာတ်ကားတစ်ကား ဒေါင်းကြည့်ဖြစ်တယ် ဇာတ်ကားနာမည်က Landing Up (2018) တဲ့ Rating ဆိုတာလဲ ရှိကိုမရှိတဲ့ဇာတ်ကားလေးပါ။ စိတ်ထဲမှာတော့ ကောင်းရင်လဲကြည့် မကောင်းရင်လဲ ကြည့်ရင်း အိပ်ပျော်သွား အေးတာပဲဆိုပြီး ကြည့်လိုက်မိတယ်။ ကြည့်ရင်းနဲ့ ဇာတ်လမ်းထဲမျောပါသွားတယ်ဆိုတာဝန်ခံရမယ်။ ဇာတ်လမ်းက ကောင်းတာလဲမဟုတ် ပျင်းစရာကောင်းတာလဲမဟုတ်ပဲ အချိန်ကို သပ်သပ်ပြုန်းတီးအောင်လုပ်ပေးထားသလား မှတ်ယူရတယ်။ ဇာတ်လမ်းအပြီး ဘာတွေးမိလိုက်သလဲ တွေးစရာကျန်ခဲ့လဲဆိုတော့ ကိုယ်တကယ်ချစ်သွားတဲ့လူတစ်ယောက်ကို ဆုံးရှုံးရမှာ ကြောက်တဲ့စိတ်နဲ့ ကိုယ့်ရဲ့မကောင်းတဲ့အတိတ်ကို လျှို့ဝှက်မထားသင့်ဘူးဆိုတာပဲ ဖွင့်ပြောလိုက်ပါ ကိုယ့်ရဲ့မကောင်းခဲ့တဲ့အတိတ်ကို အဲ့လိုဖွင့်ပြောလိုက်တာဟာ ကိုယ့်အတွက် တစ်သက်လုံး လိပ်ပြာမလုံသလို ဖြစ်ရမယ့်ဒုက္ခကလဲ လွတ်နိုင်သလို ကိုယ်ချစ်ရတဲ့သူဟာ ကိုယ့်အပေါ်တကယ်ချစ်လား မချစ်ဘူးလားဆိုတာကိုလဲ အဖြေရှာလို့ရနိုင်တယ်ဆိုတဲ့ အတွေးလေးပါ။ ဇာတ်လမ်းပုံစံလေးကလဲ ပြောပြဖို့မလိုအောင် ရိုးရှင်းလို့ ပြောမပြတော့ပါဘူး။ ဒီဇာတ်ကားလေးကို ကြည့်ဖို့ ညွှန်ချင်တာကတော့ ရုပ်ရှင်တစ်ကားဆို တစ်ကား ရသမြောက်မြောက် ကြည့်ချင်သူတွေထက် ဘာမှလုပ်စရာမရှိချိန် အချိန်ဖြုန်းချင်ရုံသပ်သပ် အပျင်းပြေ နှစ်နာရီလောက် အချိန်ကုန်ဆုံးချင်သူများအတွက်ပါ။ ရုပ်ရှင်လင့်ခ် ချပေးချင်သော်လည်း Rule တွေနဲ့ ညိမှာစိုးလို့ ချမပေးတော့ပါဘူးဗျာ။ နောက်နေ့မှာလဲ ကျွန်တော်ကြည့်ဖြစ်ပြီး လူသိပ်မသိ မကြိုက်လောက်မယ့် ကားလေးတွေကို ညွှန်းပေးသွားပါဦးမယ်။
Photo Credit : https://www.imdb.com/title/tt4764490/mediaviewer/rm1781017088