မောင်ကြိုင်က ထွန်းသူရ အား ဆက်ပြောပြ လိုက် သည်။
" ဒီအပင်မှာ အစောင့် ရှိတယ် ဆိုတာ တစ်ရွာလုံး သိကြတယ် အဲဒီက တည်းက ဒီအပင်ကို ဘယ်သူမှ မခူတ်ကြတော့ဘူး ဒီနေ့ ထိပါပဲဗျာ ...."
ထွန်းသူရတစ်ယောက် ဒီအပင်ကြီး ကို ကြည့်ပြီး စိတ်ထဲမှ တစ်ဦးတစ်ယောက်ကို မြင်ရသလို အာရုံထဲမှာ အတိတ်ဘဝကို ပြန်ပြီမြင်နေရသလို ခံစား နေရသည်။တစ်ခဏတာ စိတ်အာရုံ လွင့်မျောမှုကို အသိစိတ်က ပြန်လည်ထိန်းချုပ်နိုင်၍ သတိပြန်ဝင်လာကာ အနားတွင်ရှိသော တပည့်များ အား ကြည့်လိုက်မိသည် ။ တပည့်များ က သူတို့ ဆရာ အပင်ကြီးကို ကြည့်ပြီိး စိတ်ဝင်တစား ဖြစ်နေသည်ကို တွေ့လိုက်ရသည်နှင့် မေး မြန်းချင်မပြုကြဘဲ ဆရာ့ထံမှထွက်ပေါ် လာမည့်စကားကို သာ မျော့်လင့်နေကြသည် ဒါကို ထွန်းသူရတစ်ယောက် သတိထားမိသဖြင့်
" ကဲ မောင်ကြိုင် မင်းတပည့်တွေကို တာဝန် တစ်ခု ပေးလိုက်ပါ ဒီအပင်ကိုခြံခတ် ပြီး စာတန်းတစ်ခု ချိတ်ဆွဲ လိုက်ပါ။(မည်သူမျှ ဒီသစ်ပင်ကို မခုတ်ရ)လို့"
"ဟုတ် ကဲ့ပါ ဆရာလေး. . . . "
ကျန် အပင်များ ကို ဆက်ပြီး လေ့လာ၍ လုပ် စရာ ရှိသည်များကို လုပ်လိုက်ရသောကြောင့် ပင်ပန်းပြီးဆက်လုပ်ချင်စိတ် မရှိတော့သဖြင့် စောစောအလုပ်သိမ်းလိုက်သည်။
ထွန်းသူရ ဗိုလ်တဲသို့ ပြန်ရောက်သော အခါ စိတ်ထဲမလန်းမဆန်းဘဲဖြစ်နေသည် ။တောထဲ တွင်တွေ့ခဲ့ရသော သစ်ပင်ကြီးကို စိတ်ထဲမှာ တစ်မျိုးဖြစ်နေမိသည်။ ဒီအပင်ကြီးကို မိမိ ရင်းနှီးစွာတွေ့ မြင်ဖူးသူ တစ်ယောက်လို ခံစားနေရသည်။ သို့သော် မည်သည့် အချိန်က ဖြစ်သည် ကိုတော့ ပြောမပြတတ်ပါ ။.
' ငါ ဘာဖြစ်လို့ များ ဒီအပင်ကြီး ကို စိတ်ဝင် စားနေပါလိမ့် ဒီအပင်ကို တွေ့ လိုက်ရ တဲ့ အချိန် စိတ်ထဲမှာ တစ်မျိုး ကြီး ပဲ ၊အေးလေ. ဒါတွေကိုသာတွေးနေရင် ငါရူးသွားနိုင်တယ် ၊ ဒီတော့ မတွေးတာပဲကောင်းပါတယ် ဒီည မောင်ဦးလာရင် ဒီအပင်ကြီး အကြောင်းကို မေးကြည့် ရမယ် မောင်ဦးကတော့ ဒီရွာချက်မြုပ်ဆိုတော့ . . . .သူသိနိုင်တယ်'
'မောင်ဦး ခေါ်လာတဲ့ ဆရာမလေး...... နှင်းရည်ကို လည်းမြင်ကတည်းက စိတ်ထဲမှာ တစ်မျိုးကြီး ပဲ သူကလည်း ဘာကြောင့်ငါ့ကို တွေ့ချင်ရတာလဲ. . . '
ဒါကိုတော့ မောင်ဦးလာမှပဲမေးကြည့်တော့မည်။
ဆက်ရန် .. .