ရှေ့မှသွားနေသူမှာ အလုပ်သမားတစ်ယောက်ဖြစ်ပြီး ဒီတောကိုကျွမ်း ကျင်ပြီးသားဖြစ်သည်။ တစ်နေရာရောက်တွင် သူရ တစ်ယောက် သစ်ပင်တစ်ပင်ကိုလှမ်းကြည့်လိုက်သော အခါ အလွန်ထူးခြားပြီး အလွန်ကြီးမားသော အပင်ကြီး တစ်ပင်ဖြစ်နေလေသည်။ ထိုပင်မှာ ကညင်ပင်ကြီး ဖြစ်သည်။အပင်ကြီးမှာလူ လေးငါးယောက် ဖက်စာမျှ ကြီးမားလှပေသည်။ သို့သော် . . . အပင်၏ခါးလည်လောက်မှ အောက်ခြေထိ တစ်ဝက်ထိချိုင့်ဝင် နေသည်ကိုတွေ့ရသည် ။ ချိုင့် ဝင် နေသည်က လည်ဓားနှင့်ချိုင်ထားသလိုမျိုး သို့မဟုတ် ရေတိုက် စား၍ ဝင်နေသည်မျိုး ဖြစ် နေပေသည်။
ဒီအပင်ကြီး ကိုကြည့်ပြီး သူရ တစ်ယောက် စိတ်ဝင်တစားကြည့်နေမိလေသည်။ထိုအခါ မောင်ကြိုင်က . .. .
" ဆရာလေး . . . . .ဒီအပင်က နှစ်တစ်ရာကျော်ပြီ ပခုထိ ဒီအတိုင်းပဲ ဒီအပင်က ရာဇဝင်ရှိတယ် ဒီအပင်ကို ဘယ်သူမှ မခုတ်ကြဘူး ခုတ်လည်း မခုတ်ရဲကြဘူး"
"ဘယ်လိုရာဇဝင်ရှိတာလဲ . . . . အကို့ကို သိသလောက်ရှင်းပြပေးပါလား"
" ဒီလို . .ဆရာလေး . . . အရင်က သစ်တော အရာရှိတစ်ယောက် ရောက်ဖူးတယ် ဒီအပင်ကို ခုတ်ဖို့ဆိုပြီးအလုပ်သမား တွေကို တာဝန်ပေးတယ် အလုပ်သမားတွေက နယ်ခံ ဆိုတော့ ဒီအပင်ကြောင်းကိုသိကြတယ်. . .ဒါပေမယ့် ဆရာလေးရဲ့ .စကားကို မလွန်ဆန်နိုင် လို့ ဘာမှပြန်မပြောကြဘူး အလုပ်သမားခေါင်းဆောင်ကတော့ သူ့ဆရာကို သတိပေးတယ် ၊ ဒီအပင်အကြောင်းကို နည်းနည်းပါးပါး ပြောပြတာ ပေါ့ ဒါကို သူ့ဆရာ ကမယုံဘူးလေ. . . . .ဒါနဲ့ နောက် တစ်နေ့ အပင်ကိုခုတ်ဖို့ အလာမှာ သူ့ရှေ့က ၁၀ပေလောက်ရှိတဲ့ ရွှေရောင် အဆင်းနဲ့ မြွေကြီးကို တွေ့တယ် အဲ့ဒီ့မြွေကြီးက ရှေ့ဆုံးက သွားတဲ့လူကို ပေါက်လိုက်တယ် ဒါကို ကျန်တဲ့သူက မြင်တော့ ရွှေရောင်အဆင်းရှိတဲ့မြွေ့ကြီးကို သိနေတာကြောင့် အားလုံး လာရာလမ်းတိုင်းပြန် ပြေးကုန်တယ် သစ်တော အရာ ရှိလေးလည်း သူကိုယ်တိုင်မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သစ်ပင် မခုတ်လိုက်ရဘူး နောက်တော့ သစ်တောအရာရှိလေးလည်း ဒီကနေ ပြောင်းသွားတော့ .တာ ပဲ "
မောင်ကြိုင်က ထွန်းသူရ အား ဆက်ပြောပြ လိုက်သည်။
ဆက်ရန်........