ကတိတည်ပါ

Words
39
Reading
1 min
9y
Listen to this post
~1 min

image


ညဘက် ညဘက် အာခေါင်တွေခြောက်လို့ လန့်နိုးလာတဲ့အခါ ထစမ်းမိတယ်
ဘာလိုလဲဟင် အပူလား အအေးလား စောင်လွတ်လား
နေရင်လဲအတူတူနေမယ် သွားရင်လည်းတူတူသွားမယ်လေ
ပြောပြောပြီးတော့ ပိတ်ရက်တွေဆက်တဲ့အခါ
ခရီးရှည်တွေထွက်မယ်ဆို ခရီးရှည်တွေထွက်မယ်ဆို လို့
နောက်ထပ်နှစ်ငါးဆယ်သက်တမ်း တာဝန်ယူပေးဦးမှာတဲ့
ပြောပြီးသားစကားကိုတည်နော်
နေရင်လဲတူတူနေမယ် သွားရင်လည်းတူတူသွားမှာလို့
တခွန်းညည်းဘူးလားပြော
ပင်ပန်းရင်တောင် aww ငါရှိမှ ငါလုပ်မှ ငါပဲသိ ငါ ငါ ငါ
အပြင်ပန်းတည်ငြိမ်သလောက် ရင်ထဲမှာလှိုင်းတွေထန်နေတာ
ခု မအားသေးလည်းပြောလေ
နောက်နှစ်ငါးဆယ်သက်တမ်းတမ်းတွင်းမှာ
အချိန်တွေအများကြီးရှိသေးလို့
ပေးပြီးသားကတိတော့တည်ရမယ်
ခရီးရှည်တွေထွက်မယ်ဆို ခရီးရှည်တွေထွက်မယ်ဆို---------လို့

ကတိတည်ပါ | Ecency