ဘတူ အကြောင်းပြု၍ ညောင်ပင်သည် တနေ့ထက်တနေ့ ပို၍နာမည်ကြီးလာခဲ့သည်။ညောင်ပင်ကို ကလေးလိုချင်သူ စီးပွားတက်လိုသူ စသည်ဖြင့်"လို"ပေါင်းများစွာအတွက် အမွေးတိုင်ဖယောင်းတိုင်ထွန်းသူ ငှက်ပျောပွဲတင်သူများဖြင့် စည်ကားလှသည်။
ထိုကဲ့သို စည်ကားနေသည်ကိုအကြောင်းပြုကာ ကြီးပွားနေသူတစ်ယောက်တော့ ရှိလေ၏။ထိုသူက မယ်ရွှေရဆိုသော အခြောက်မ နတ်ကတော်ပင်ဖြစ်တော့သည်။သူသည် ညောင်ပင်သို့ အမွှေးတိုင်ထွန်း ပွဲပေးသည့်အခါတိုင်းသူ ပါရလေသည်။သူက နတ်ကတော်ဆိုတော့ လူအများက အကူညီတောင်းကြခြင်းဖြစ်သည်။သူ့အတွက် ညောင်ပင်သည် ထမင်းအိုး ဖြစ်လာခဲ့လေပြီ။
လောဘသည် အတောသတ်လေ့မရှိ။ထို့အတူ မယ်ရွှေရသည်လဲ လောဘသည် တက်သထက်တက်လာခဲ့သည်။ထို့ကြောင့် ရွာထဲမှ စီးပွာအဆင်မပြေသူ ကျန်းမာရေးမကောင်းသူ များအား နတ်ကနားပေးရန် စည်းရုံးလာခဲ့သည်။လူတို့သည် မိမိဘာသာ အလုပ်သာမကျိုးစားခြင်ကြသော်လဲ အလွယ်ရမည်ဆိုပါက ဘာလုပ်ရလုပ်ရ ဘာကိုအားကိုးရအားကိုးရ ဝန်မလေးလှပေ။ထို့ကြောင့် မယ်ရွှေရ၏ အကြံသည် အော်မြင်လာခဲ့သည်။
မယ်ရွှေရသည် နတ်ကနားအတွက် လိုအပ်သည်များ ဝယ်ရန် နှင့်ဆိုင်းငှားရန် အလှုငွေကောက်သည်။ရွာသားများထံမှ အလှုငွေသည် လိုအပ်သည်များ ဝယ်ကာ ဆိုင်းငှားပြီးသည့်အပြင် မယ်ရွှေရအတွက် ၂သိန်းကျော်ပိုသေးသည်။မယ်ရွှေရတပြုံးပြုံးဖြင့်။
ဤသို့ဖြင့် နတ်ကနားပွဲသို့ ရောက်လာခဲ့ပြီ။မယ်ရွှေရထပ်၍ ဝင်ငွေတိုးပြန်လေသည်။ဘိုးဘိုးကြီးကိုဆပ်သည်ဆိုကာ အလှုငွေများ ထပ်ရပြန်သည်။နတ်ကနားတပွဲပြီးလျှင် မယ်ရွှေရအတွက် သိန်းဆယ်ဂဏန်းလောက် ကိုယ်တွက်ရလေသည်။ဤသို့ဖြင့် နတ်ကနားကို နှစ်စဉ်ကျင့်ပလာရာ ရွာသူရွာသားများမှာ အထွေအထူး စီးပွားဖြစ်မလာသော်လဲ မယ်ရွှေရမှာ အတော်အဆင်ပြေလာခဲ့သည်။
တနေ့တွင် ရွာသို့ အခြားနတ်ကတော်တယောက် ရောက်လာခဲ့သည်။နတ်ကနားတွင် အတူကခွင့်ရရန် မယ်ရွှေရကို ပြောလေသည်။သို့သော် လောဘကြီးသော မယ်ရွှေရမှာ လက်မခံ။ဤသို့ဖြင့် မယ်ရွှေရနှင့် နတ်ကတော် အသစ်တို့ ငြိကြလေသည်။
လူကင်းပါးသော နတိကတော်သစ်သည် ရွာထဲမှ အရှိန်ဝါရှိသူများကို ချဉ်းကပ်လေသည်။ထို့အပြင်သူသည် ဗေဒင်ကိုလည်းတက်သောကြောင့် လူများဖြင့် ပို၍ ပုလဲနာမသင့်လာလေသည်။
ထို့ကြောင့် မယ်ရွှေရမှာ တဖြေးဖြေး မှေးမှိန်လာခဲ့လေသည်။နတ်ကနားအတွက် အလှုခံရာတွင်သော်မှ နတ်ကတော်အသစ်ထံတွင်သာ ထည့်ကြသည်အထိ ဖြစ်လာခဲ့သည်။မယ်ရွှေရတယောက် ကြိတ်မနိုင်ခဲမရပို၍ဖြစ်လာရသည်။ဤသို့ဖြင့်နတ်ကနားပွဲအချိန်ရောက်လာသောအခါ နတ်ကတော်အသစ်မှာ ဘိုးဘိုးကြီးဆပ် လက်ခံနေသည်ကိုကြည့်ကာ ဒေါသအလိပ်လိပ်ထွက်လာပြီး မစားရတဲ့အမဲ သဲနှင့်ပတ်သည့်အနေဖြင့် နတ်ကတော်အသစ်ထံ ဘိုးဘိုးကြီးဆပ်ဟန်ဖြင့် အနားကပ်ကာ အသင့်ပါလာသော ဓါးဖြင့်ထိုးလေးသည်။
နတ်ကနားပွဲပျက်ပြီ။မယ်ရွှေရလဲထောင်ကျလေပြီ။သြော်လောဘ လောဘ……