အတွေးစာစု (၃)

Words
84
Reading
1 min
Listen
Play
5y

ဖြစ်ချင်တာတွေ ဖြစ်ဖို့ထက်
ဖြစ်သင့်တာတွေကို ဦးစားပေးရင်း...
ဘဝတစ်ဆစ်ချိုး လမ်းတစ်ကွေ့မှာ
လှော်ရင်းခက်ရင်း တက်မကျိုးအောင်
သတိထားနေရတယ်။

ဘဝခရီးအစကတော့ သာသာယာယာ
ဖေးကူသူတွေ၊ စာနာသူတွေ၊ မေတ္တာထားသူတွေ
အေးတူပူမျှ အနားမှာထပ်တူခံစားပေးခဲ့ကြတဲ့
မိတ်ဆွေတွေ သူတို့အားလုံးရဲ့ လက်တွေနဲ့
ကျွန်တော်ရဲ့ ခုနှစ်တွေကို နွေးထွေးလုံခြုံစွာ
ဖြတ်သန်းနိုင်ခဲ့တယ်...

လမ်းဆိုတာ အမြဲမဖြောင့်သလို ဘဝရဲ့နိယာမတရား
တွေကလည်း အမြဲမမှန်နိုင်ခဲ့ဘူး...
ဖောက်လွဲဖောက်ပြန် ဓမ္မတာကို သေပိန်ငါဟု
ဓမ္မကိုနှလုံးသွင်းရင်း အမှောင်ဆုံးသော ညတွေ၊
ယှဥ်ပြိုင်ရသောနေ့တွေနဲ့ နာကျင်ရသော စိတ်ဒဏ်ရာ
တွေအတွက် Big bag သီချင်းထဲကလို "မှားရင်ခံ
မှန်လဲ ခံလက်စနဲ့ခံ"...လို့ဆိုညည်းရင်း
ဖြတ်သန်းခဲ့ရတယ်...

နေ အမြဲ မသာသလို၊ မိုးလဲ အမြဲ မအုံ့နိုင်ပါဘူး...။
ဘဝဆိုတာ အနိမ့်အမြှင့်၊ လှဲကျလိုက်၊ ပြန်ထလိုက်။
အောင်မြင်လိုက်၊ ရှုံးနိမ့်လိုက်။ ဖတ်ဖူးနေကျဝတ္ထု
တွေထဲကလိုမင်းသားနဲ့မင်းသမီး ဇာတ်သိမ်းမှာညား။
ပြီးပါပြီ... ဆိုတဲ့ စာတန်းရဲ့နောက်ကွယ်မှာ မပြီးဆုံးသေး
သော တကယ့်လက်တွေ့ဘဝတွေ...

ဘာပဲဖြစ်ဖြစ်ပါလေ... ကိုယ်ကျင့်တရားကို
ခါးဝတ်ပုဆိုးလို မြဲမြဲချည်။ စိတ်ရိုင်းဆိုတဲ့ ဆင်ကို
ပညာဆိုတဲ့ ချွန်းနဲ့ထိန်းရင်း ဖြေးဖြေးမှန်မှန်
ခရီးဆက်နေဆဲ...

IMG_20210619_111624.jpg

ကိုကိုမိုးဟိန်း

Original post creator-myanmarkoko@myanmarkoko
Jun 20 2021

အတွေးစာစု (၃) | Ecency