ကျွန်တော့်ဆန္ဒ

Words
42
Reading
1 min
Listen
Play
6y

ကျွန်တော်ဟာ လူ့ခြေနင်းဖက်

အဲ့ဒါဆို မင်းကမြေကြီးလား

မဟုတ်ဘူး

အဲ့ဒါဆို မင်းကဖိနပ်လား

မဟုတ်ဘူး

အဲ့ဒါဆို မင်းက ဘာလဲ

ကျွန်တော်ဟာ လူတွေရပ်တည်နိုင်ဖို့ ကူညီပေးတဲ့
မြေကြီးဖြစ်ချင်ပေမဲ့ လူသားတွေရဲ့ ဘဝနိဂုံး
လှဲလျောင်းရာတော့မဖြစ်ချင်ဘူး...

ကျွန်တော်ဟာ လူသားတွေ သွားရာ တစ်ကောက်ကောက်လိုက်ပြီး
တာဝန်ကျေလွန်းတဲ့ ဖိနပ်လည်း မဖြစ်ချင်ပြန်ဘူး...

အဲ့ဒါဆို မင်းက....

ကျွန်တော်က ဘောလုံးလေးပါ... ဟိုကန်လိုက် ၊ သည်ကန်လိုက်
ကလေးငယ်တွေနဲ့ လူကြီးတွေသာမက ခွေးတွေပါ ဆော့ကစား
ကြတဲ့ ဘောလုံးလေးပါ... သူတို့အပြုံးလေးတွေ...
အမြဲတမ်းလန်းဆန်း စေချင်သူပါ....

gbanlv.jpg

ကိုကိုမိုးဟိန်း

ကျွန်တော့်ဆန္ဒ | Ecency