Hive Acc ဖြင့် D. BUZZ Microblogging အသုံးပြုခြင်း

Words
222
Reading
1 min
Listen
Play
5y

Hive Myanmar Community မိသားစု
ဝင်များအားလုံး မင်္ဂလာပါ။

ဒီကနေ့ ကျွန်တော်မျှဝေပေးမဲ့ အကြောင်းရာမှာ
D.BUZZ ဟုခေါ်သည့် Microblogging
Platform အကြောင်းဖြစ်ပါသည်။

poster_2021-05-09-080807.png

ပထမဦးစွာ D.BUZZ အကြောင်းကို အနည်းငယ်
ပြောပြချင်ပါသည်။ သူက Microblogging
ဆိုသည့်အတိုင်း စာလုံးရေ ၂၀၀ ကိုပဲ တင်ခွင့်ပြု
ပါသည်။ ဓာတ်ပုံဆိုလျှင် ၂ပုံ အများဆုံးသာ
ခွင့်ပြုသည်။ စာရေးဖို့အချိန်မပေးနိုင်သူများနှင့်
Photographer များ အတွက်တော့ အဆင်
ပြေသည့် Platform ဖြစ်ပါသည်။ မိမိ၏ ဓာတ်ပုံ
အရည်အသွေးနှင့် စာသားကျိုးကြောင်းဆီလျော်မှု
ပေါ် မူတည်ပြီး D.BUZZ မှ ဗုတ်လာပေးပါသည်။
အများဆုံး ဒေါ်လာတစ်ကျပ်မှ အနည်းဆုံး ပြား၅၀
လောက်ထိရတက်ပါသည်။ ရတက်ပါသည်ဟုသာ
ဆိုထားပါသည်။ အမြဲတမ်း ရမည်ဟုတော့
ကျွန်တော်လည်း ယတိပြက် မပြောနိုင်ပါ။

မည်သို့ပင်ဆိုစေ မိမိ၏ အတွေးအမြင်များ၊ ဓာတ်ပုံများ
နှင့် ဖေစ်ဘွတ်လို Social Media သဘောမျိုး
သုံးချင်သူများ အတွက်တော့ အလွန့်အလွန် အဆင်ပြေ
သော Platform ဖြစ်ပါသည်။
သည် Platform မှ ပိုစ်တင်လျှင် မိမိ၏ HiVe
Acc ထဲ့သို့ တစ်ပါတည်း ရောက်ရှိပြီးသား ဖြစ်
သွားသည်ကိုတော့ ယခု Hive အသုံးပြုနေသူများ
ကို အထွေထူးရှင်းပြစရာ လိုမည်မထင်ပါ။
ဆက်လက်ပြီး ဘယ်လို သုံးရမလဲဆိုတာ ရှင်းပြပါ
မည်။

ပထမဦးစွာ အောက်မှာပေးထားသည့် Link ကနေ
Chome ကိုအသုံးပြုပြီး Log In ဝင်ပါ။

D.BUZZ Microbloggingနှိပ်ပါ

အထက်ပါ နှိပ်ရန် Link ကိုနှိပ်လိုက်လျှင် အောက်
ပုံပါအတိုင်း မြင်ရမည်ဖြစ်သည်။

Screenshot_2021_0509_212553.png

ထို့နောက် Log In နှိပ်ပါ ပြီးလျှင် မိမိ၏ Hive
acc Name နှင့် Posting Key ကို အသုံး
ပြုပေးရပါမည်။ ပြီးလျှင် နောက်ဆုံးဝင်ရောက်ရန်
Submit ကို နှိပ်ပေးပါ။

အဲ့သည်နောက်မှာတော့ အောက်ပုံပါပြထားသည့်
အတိုင်း မိမိ၏ အကောင့်ထဲကို ရောက်ရှိသွားပါ
လိမ့်မည်။ နောက်ထပ် Post ဘယ်လိုတင်ရမည်
ဆိုတာကိုပါ ပြောပြပေးပါမည်။

Screenshot_2021_0509_212348.jpg

ပိုစ်တင်ရန် အောက်ပုံပါပြထားသည့် အတိုင်း
နှိပ်လိုက်ပါ။

poster_2021-05-09-101837.png

ပြီးလျှင် အောက်ပုံကို ကြည့်ခြင်းအား ပိုစ်ဘယ်
လို တင်ရမည်ဆိုတာကို နားလည်သွားပါလိမ့်မည်။
တစ်ခုရှိသည်က Tag တစ်ခုရေးပြီးတိုင်း Enter
ခေါက်ပါ။

poster_2021-05-11-035632.png

အခုပြောပြပေးခဲ့သော အရာများတွင် လိုအပ်ချက်
များရှိခဲ့လျှင် ကျွန်တော်၏ တင်ပြပုံ ညံ့ဖျင်းမှု
ကြောင့်ဖြစ်ပါလိမ်မည်။ အကယ်၍ နားမလည်သည်
များ ရှိခဲ့လျှင် ဤပိုစ်အောက်မှာ မန့်ပေးကြပါရန်။
ဒါမှမဟုတ် ကျွန်တော်၏ Messenger Acc
KoKoMoeHeinနှိပ်ပါ
လာရောက်ပြီး လွပ်လပ်စွာ မေးမြန်းနိုင်ပါသည်။

အားလုံးကို ကျေးဇူးတင်ပါသည်။

ကိုကိုမိုးဟိန်း

Remember!

**We are meeting here by one comment.
I am very active in comment section. Leave a comment and get some PIZZA! **

Post creator : myanmarkoko@myanmarkoko
From : Myanmar
Name: KoKoMoeHein

Hive Acc ဖြင့် D. BUZZ Microblogging အသုံးပြုခြင်း | Ecency