ဘဝကခက်ခဲကြမ်းတမ်းစမ်းပါစေ...

Words
136
Reading
1 min
Listen
Play
7y

မြန်မာစတီးမစ်မိသားစုဝင်များအားလုံး မင်္ဂလာပါဗျာ…

ကျွန်တော့်မှာ စာများရေးချင်ပါသော်လည်း ဟိုတယ်မှ SWISSCONTACT နှင့်ပူပေါင်းပြုလုပ်ပေးသော
ဆရာဖြစ်သင်တန်း Hospitality Instructor (HI) တက်ရောက်နေသောကြောင့် စတီးမစ်တွင် စာများကောင်း
ကောင်း မရေးနိုင်ဖြစ်နေရပါသည်။ ယခုလို သင်တန်း
တက်ရောက် ဖြစ်စေတဲ့တွန်းအားကလည်း စတီးမစ်ဂုရုကြီး
ကိုသက်မှတွေ့တိုင်း ကျွန်တော့်အား သင်တန်းတွေတက်ဖို့ ဘ၀တက်လမ်းရှာဖို့ အမြဲတစေအားပေးစကားပြောသော
ကြောင့်ဖြစ်ပါသည်။ ကျွန်တော်စာများမရေးနိုင်လျှင် ကိုသက်ကိုသာ အပြစ်ဆိုကြပါတော့။ 😁😁

15533367994558631241236255848982.jpg

ယခုတလော သင်တန်းတစ်ဖက်နှင့် အလုပ်ရှုပ်နေသည့်ကြားက စတီးမစ်ပိုးလေးထလာသောကြောင့် အားတဲ့အချိန်လေးကို အကျိုးရှိရှိ အသုံးချလိုက်ရပါသည်။ ကျွန်တော်ပြောပြချင်သော အကြောင်းအရာကတော့ ပုံပြင်လေးတစ်ပုဒ်ဖြစ်ပါသည်။

တခါက ဝေးလံခေါင်ပါးပြီး ဆင်းရဲနွမ်းပါးသော ရွာလေးတစ်ရွာတွင် အဘွားအိုတစ်ယောက်နှင့် မြေးမလေးတစ်ယောက်
နေထိုင်ကြပါသတဲ့။ တစ်နေ့တော့ မြေးမလေးက သူ၏အဘွားကို ငြီးတွားစကားဆိုလေသည်တဲ့

" အဘွား ဘာကြောင့်များ သမီးတို့ဘ၀ကို ဒီလောက်ထိ
ဆင်းရဲနွမ်းပါးပြီး ခက်ခဲကြမ်းတမ်းနေရတာလဲ"
လို့မေးလိုက်မိသည်

500_F_160995508_mCwSzNgxcOVwZeoJRaMmmk7VNKeSkCrM.jpg

အဘွားအိုကလည်း မြေးမလေးကို ဘာမှမပြောပဲ
အိမ်နောက်ဖေးက မီးဖိုချောင်ထဲ ခေါ်ဆောင်သွားပါသတဲ့။
သည်တော့ မီးဖိုချောင်းထဲမှာ ကြက်ဥ ၊ ခါကြက်ဥ နှင့်
ကော်ဖီစေ့ တို့ကို တွေတဲ့အခါ မြေးမလေးကို
မီးဖိုသုံးလုံးပြုလုပ်စေပြီး ပထမမီးဖိုပေါ်ကို
ဒယ်အိုးထဲရေဖြည့်ပြီး ကြက်ဥကိုပြုတ်စေသည်၊
ဒုတိယမီးဖိုပေါ်ကို ဒယ်အိုးထဲရေဖြည့်ပြီး ခါကြက်ဥကို
ပြုတ်စေသည်။ ကော်ဖီကိုလည်း
ထိုနည်းတူပြုလုပ်စေသည်။

မြေးမလေးမှာ ဘ၀ကဘာလို့အဲ့သလောက်ခက်ခဲကြမ်းတမ်း
နေသလဲလို့ မေးသည်ကို ယခုလိုဘာမှမဆိုင်တာတွေ
ခိုင်းသောကြောင့် " ငါ့အဘွား ခံခဲ့ရတဲ့ ဆင်းလွန်းလှတဲ့
လောကဓံကြောင့် ရူးများသွားပြီလား "ဟု
တွေးထင်မိလိုက်သည်။

ဒီလိုနှင့် ဘာမျှစောဒက တက်မနေတော့ပဲ အဘွားအား
သနားသောကြောင့် စိတ်ကျေနပ်အောင်လုပ်ပေးလိုက်သည်။
အတော်အတန်ကြာသောအခါ မြေးမလေးက
အဘွားလုပ်ခိုင်းသည်များပြီးစီးပြီဖြစ်ကြောင်း
သွားရောက်ပြောပြန်တာပေါ့။ ဒီလိုနဲ့အဘွားအိုက
ဘ၀ရဲ့ခက်ခဲကြမ်းတမ်းရတဲ့အကြောင်းရင်းကို မြေးမလေး
နားလည်သွားအောင်ရှင်းပြပေးလိုက်ပါသတဲ့။

food-eggs.jpg
pexels-photo-65174.jpeg
pexels-photo-585750.jpeg

Images credit >>> https://www.pexels.com

စာဖတ်သူ စတီးမစ်မိသားစုဝင်များ အဘွားအိုပြောပြလိုက်သော စကားများကို မပြောခင် ဘာများဖြစ်လေမလည်းလို့ အရင်ဆုံး
တွေးတောစေချင်ပါသည်။ ခနလောက်ဖြစ်ဖြစ်
တွေးတောလိုက်ပါအုံး----

ဆက်ရန် >>>

ကိုကိုမိုးဟိန်း
သစ်အယ်သီး
KoKoMoeHein
myanmarkoko@myanmarkoko
MSC no. 118

ဘဝကခက်ခဲကြမ်းတမ်းစမ်းပါစေ... | Ecency