အတွေးစာစု(၁)

Words
40
Reading
1 min
Listen
Play
6y

အတွေးစာစု(၁)

အကြိမ်ကြိမ် ကျနေတဲ့ စိတ်ဓာတ်ကို
အခါခါပြန်ကောင်တင်ရင်း
အမှားတွေကို ခလုပ်တိုက်
အမှန်တွေကို မျက်နှာလွဲခဲ့ဖူးတယ်...

အမှားကိုမြင်၍ အမှန်ပြင်
ရှေ့ကိုလျောက်​ပြန်တော့
အတိတ်တွေက အမှောင်ထဲကို
ပြန်ပြန်ဆွဲချ...

ဘာကြောင့်ပဲ မှားမှား
နှစ်ခုပဲမှားနိုင်တယ်။
သိပြီးမှားသည်
မသိ၍မှားသည်
မလိမ်စတမ်းပြောရရင်
နှစ်ခုစလုံး မှားဖူးတယ်...

ဘဝဆိုတာ တိုက်ပွဲတဲ့
မတိုက်ခင်ကတည်းက
ကျည်ကုန်ခဲ့ရတာလဲ
ခနခနပါပဲ...
ကံဆိုတာ အလုပ်တဲ့
ကျွန်တော့်တွက်တော့ ကံဆိုတာ
ခလုပ်ပါပဲ။
ဒီလိုနဲ့ ကျွန်တော် ခနခန
ခလုပ်တိုက်ခဲ့တယ်...

eni6sc.jpg

ကိုကိုမိုးဟိန်း
KoKoMoeHein
myanmarkoko@myanmarkoko

အတွေးစာစု(၁) | Ecency