အနှိုင်းမဲ့ မေမေ

Words
62
Reading
1 min
8y
Listen to this post
~1 min

IMG_1532087954550.jpg
Image credit >>> My Fb cover image

မေမေ...
နေထွက်တာပဲနောက်ကျတာလား
အမေ အလုပ်လုပ်တာပဲစောတာလား
နာရီကြည့်မိတော့ ညသံခေါင် နှစ်ချက်ထိုးတဲ့၊
တိုဟူးကြော် ပူပူလေးတွေဆိုတာ
သားတို့ဝမ်းဝခါးလှဖို့ အမေအိပ်ရေးပျက်ခံပြီး
ရောင်းခဲ့ရတဲ့ အကြော်တွေပါ။

မေမေ...
ဆောင်းတောင် ရိုးရိုးဆောင်း မဟုတ်ဘူး၊
ရေတွေခဲတဲ့ဆောင်း၊ ခိုက်ခိုက်တုန်အောင် ချမ်းတဲ့
ဆောင်းမနက်ခင်းဟာ နှင်းမကွဲသေးပေမဲ့
အမေ့ခြေထောက်တွေဟာ တောထဲကို
ထင်းရှာတစ်ခေါက် ထွက်ခဲ့ပြီးနှင့်ပြီ။

မေမေ...
နာရီ စက္ကန့်လက်တံ ကပြောတယ်
သူဟာ ကမ္ဘာမှာ အလုပ်ရှူပ်ဆုံးတဲ့၊
ဒါပေမဲ့ သူနောက်ဆုံးဝန်ခံသွားတယ် အမေ့လက်ကို သူမမှီဘူးတဲ့လေ၊ ဟုတ်တယ် သားသမီးခြောက်ယောက်ကို
လုပ်ကျွေးဖို့ အလုပ်မရွေးတဲ့လက်၊
မေမေ့လက်သာ ကမ္ဘာမှာအလုပ်အရှူပ်ဆုံး။

မေမေ... မေမေ... မေမေ...
သားရဲ့ အနှိုင်းမဲ့မေမေ

ကိုကိုမိုးဟိန်း
သစ်အယ်သီး

KoKoMoeHein
myanmarkoko@myanmarkoko

MSC no. 118

အနှိုင်းမဲ့ မေမေ | Ecency