ကဗျာတစ်​ပုဒ်

Words
47
Reading
1 min
Listen
Play
8y

လာပြီဟေ့ သျှမ်းနီ
အလံတွေ တလူလူနဲ
မျိုးချစ်သွေးများတဆူဆူ
အလံပေါ်က နေဝန်းနီ
လူမျိုးကလည်း နီနီလေးဟေ့
နီနီလေးဟာ သျှမ်းနီပါပဲ
လက်ကွေး ခြေလှည့်ရိုးရာအကနဲ့
ရှေးရိုးဗုံသံ တူးဗုံကျေ
လက်ပေါက်ကျယ်က နှဲမ အသံ
ချပ်လင်းကွင်းနဲ့ငါး မောင်းသံ
ရှေးရိုးသံစဉ် တေးသီးချင်းများရယ်
ငါးပါးစုံညီ လာခဲ့ပြီဟေ့
တို့သျှမ်းနီ.............
ချင်းတွင်း ခေါ်တဲ့(န၊မ့်,တု လု'င်)
မြွေကောက်သဖွယ် စီးဆင်းနေဆဲ
ချင်းတွင်းသင်္ကြန်မှာ
တို့သျှမ်းနီနဲ့ဆုံခဲ့ပြီပဲ
ချင်းတွင်ရေးစီးဆင်းနေသ၍
တို့သျှမ်းနီလည်း ရဲရဲတောက်မည်
ချင်းတွင်းရေတွေကမ္ဘာ တည်သ၍
တို့သျှမ်းနီတွေ ကမ္ဘာ တည်ရမည်
အနီထဲက နေဝန်းနီရဲရဲတောက်ဟေ့
တို့... သျှမ်းနီဟေ့ တို့..... သျှမ်းနီ

            ခွန်ဆေဖ
ကဗျာတစ်​ပုဒ်​ | Ecency