ဖောရှော မလုပ်ကြေးနော်

Words
138
Reading
1 min
Listen
Play
3y

ထိုင်းနိုင်ငံမှာလည်း မဲအများဆုံးရတဲ့ပါတီကို အစိုးရပေးမဖွဲ့ဘဲ အာဏာလက်မလွှတ်ချင်ကြတဲ့ အိုကြီးအိုမတွေရှိပါတယ်။ ဒီလိုအိုကြီးအိုမတွေအချင်းချင်းလက်ဝါးရိုက်ပြီးတော့မှ မလိမ့်တပတ် ဝန်ကြီးချုပ်ဖြစ်လာတဲ့ Srettha Thavisin ဟာ ရွေးကောက်ပွဲမဲဆွယ်ကာလတုန်းက ကတိပေးခဲ့ဖူးတာရှိပါတယ်။ သူသာ ထိုင်းဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရရင် “အသက် 16 နှစ်ပြည့်ပြီးသား ထိုင်းပြည်သူတိုင်းအတွက် 10,000 Baht ($280 ဝန်းကျင်) ဖိုး Crypto Airdrop ချပေးမယ်” ဆိုတဲ့ ကတိပါ။

အခုတော့ ဒီကတိကို တကယ်တည်မှာလား၊ ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ ရောချအမေ့ခံသွားမှာလားဆိုတာကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေပါပြီ။ Thavisin ရဲ့ ဒီ crypto airdrop plan ကို သဘောကျသူတွေလည်းရှိသလို ဝေဖန်ကြသူတွေလည်း ရှိပါတယ်။ ဝေဖန်သူတွေ အဓိကထောက်ပြကြတာကတော့ ဒီလိုမျိုး airdrop တွေ လျှောက်ပေးပစ်မယ့်အစား ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးရန်ပုံငွေအတွက်ဖြစ်ဖြစ်၊ အခြားလူမှုရေးဆိုင်ရာပြဿနာတွေမှာပဲဖြစ်ဖြစ် သုံးလိုက်သင့်ကြောင်းဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဝန်ကြီးချုပ်ကိုယ်တိုင်က ဒီလိုမျိုး crypto activity တွေကို အားတက်သရောလုပ်တာဖြစ်တဲ့အတွက် ထိုင်းနိုင်ငံတွင်း crypto activity တွေ ပိုမြင့်တက်လာနိုင်ပြီးတော့ ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ crypto hub တစ်ခုဖြစ်လာဖို့ ပိုအားကောင်းလာနိုင်ကြောင်းလည်း သုံးသပ်နေကြပါတယ်။

Reference Link: https://coinmarketcap.com/alexandria/article/will-thailands-new-prime-minister-deliver-on-his-crypto-airdrop-promise

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

ဖောရှော မလုပ်ကြေးနော် | Ecency