Graphics card တွေနဲ့ နာမည်ကြီးတဲ့ Nvidia company ရဲ့ marketcap ဟာ $2 trillion ကျော်သွားခဲ့ပြီးနောက်မှာ AI (Artificial Intelligence) နဲ့ ဆက်စပ်နေတဲ့ stock share တွေ၊ crypto token တွေရဲ့ ဈေးတွေ တက်လာနေပါတယ်။
ဘာဆိုင်လို့လဲဆိုရင်တော့ AI အတွက် ရှုပ်ထွေးတဲ့ language model တွေကို လေ့ကျင့်ပေးဖို့အတွက်ဆိုရင် GPU ကောင်းကောင်းလိုအပ်ပါတယ်။ AI တွေအတွက် GPU တွေဟာ လုံးဝအခြေခံအုတ်မြစ်လိုမျိုးဖြစ်နေတာကြောင့် GPU အများဆုံးထုတ်လုပ်တဲ့ Nvidia ရဲ့ marketcap ကြီးလာမှုဟာ အခြား AI ထုတ်ကုန်တွေကိုပါ အကျိုးသက်ရောက်မှု ရှိလာပုံပါပဲ။
AI နဲ့ ပတ်သက်လို့ ဈေးတက်လာနေတဲ့ crypto token တွေထဲမှာ Worldcoin project ရဲ့ WLD token လည်းပါဝင်နေပါတယ်။ Worldcoin ဟာ digital ID project တစ်ခုဖြစ်ပေမယ့် founder က OpenAI ရဲ့ CEO Sam Altman ဖြစ်နေတာကြောင့် အကြောင်းအကျိုးတွေဆက်စပ်ပြီး ဝယ်လိုအားများလာနေတာဖြစ်နိုင်ပါတယ်။ လက်ရှိမှာတော့ 24 နာရီအတွင်းမှာ 20% ကျော် ဈေးတက်ထားခဲ့ပါတယ်။
Worldcoin project ဟာ အစပျိုးချိန်မှာတည်းက crypto industry ရော၊ တချို့နိုင်ငံအစိုးရတွေရောရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ၊ တားမြစ်ပိတ်ပင်မှုတွေ ကြုံခဲ့ရပေမယ့် အခုချိန်အထိကို တိုးတက်လာနေဆဲဖြစ်တာကြောင့် စောင့်ကြည့်ရမယ့် cryptocurrency တစ်ခုလည်းဖြစ်လာနိုင်ပါတယ်။
ဒီဆောင်းပါးကို သတင်းအချက်အလက်မျှဝေဖို့အတွက်သာ ရည်ရွယ်ပြီးတော့ cryptocurrency တွေကို အရောင်းအဝယ်လုပ်ရာမှာ ကိုဘ်တိုင်စဉ်းစားဆုံးဖြတ်ပြီးမှသာ လုပ်သင့်ကြောင်း အကြံပြုလိုပါတယ်။
Myan Crypto ကနေ ဦးဆောင် ပြုလုပ်ထားတဲ့ Binance Trading Tournament မှာ ပါဝင်ပြီး account ဖွင့်မယ်ဆိုရင် trading fees ပေးရတိုင်း 10% Discount ရမယ့် https://accounts.binance.com/en/register?ref=TA690MBH ကနေ account ဖွင့်ဖို့ အကြံပြုလိုပါတယ်။ Tournament ကာလအတွင်း ဒီ link ကနေ account ဖွင့်ပြီး KYC အောင်တဲ့ ပထမဆုံး user အယောက် 130 ကိုလည်း $1 စီ ဆုပေးသွားမယ့် အပြင် အခြားဆုမဲပေါင်းများစွာပါဝင်ပါတယ်။
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL