မုန်း၍မဟူ အပိုင်း(၅၃)

muyar(43)
Published in
#esteem
Words
34
Reading
1 min
Listen
Play
8y

မုန်း၍မဟူ အပိုင်း(၅၃)

စိပ်​ပုတီးကို လက်​ကမချဘဲ စိပ်​သည်​။
ဘုရားရှိခိုးလျှင်​ ​မေ့​နေ​အောင်​ ကြာသည်​။
ညဉ့်​နက်​သန်း​ခေါင်​အထိ ကျမ်းစာဖတ်​​နေသည်​။
စကား​ပြောတိုင်း တရားနှင့်​ ယှဉ်​လျက်​ တရားစကား ​ပြောလွန်​လွန်းသဖြင့်​၊ ​ဝေ​ဝေ့မှာ ငယ်​ငယ်​ရွယ်​ရွယ်​ကပင်​ ​လောကုတ္တရာ အ​ကြောင်း တရားနားယဉ်​​နေ​လေသည်​။

အစားကိုလည်း မခုံမင်​လှ၊ အဝတ်​ကိုလည်း မခုံမင်​၊ လက်​ဝတ်​လက်​စားများ ချွတ်​ထားသည်​။
နားက နားကပ်​ကို ချွတ်​ပြီး
"အစ်​မပဲ ပန်​ပါ" ဟု ​ဒေါ်သက်​ကို ​ပေးလိုက်​သည်​။

image

မုန်း၍မဟူ အပိုင်း(၅၃) | Ecency