This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

ကျေနပ်လို့နေလျက်ပါနော်

musethu(2)
Published in
#busy
Words
55
Reading
1 min
8y
Listen to this post
~1 min

c16fabf7-4394-451d-a7d0-c4936a7efd95.jpg
ဘယ်အရာကိုမှ အမြဲပိုင်ဆိုင်လို့မရနိုင်ဘူးဆိုတာသိနေမိတော့
အရင်ကရှိနေတဲ့အရာတွေကလည်း ဒီနေ့မှာ ကိုယ့်ဟာမှမဖြစ်နိုင်တော့
အဆင်ပြေအောင် နေတက်နေပါပြီ………
ြိကိုးစားတိုင်းမဖြစ်နိုင်မှန်း သိနေမိတော့ ဝိရိယကိုအားစိုက်ပြီး
ဥာဏ်နဲ့ကစားလိုက်မယ် အဆင်ပြေလို့ ကံသာနောက်ကလိုက်ခဲ့မယ်ဆိုရင်
လိုချင်တာမှန်သမျှ လက်ညှိးညွှန်ရာ ငွေဖြစ်နေပြီပေါ့
ရှုံးပြီးရင်းရှုံးနေရတဲ့ ငါ့အဖြစ်က ကြာလာတော့လည်း
အဆင်ပြေအောင်နေတက်ခဲ့ပါပြီ………………
ငါ့ရဲ့ကွယ်ရာမှာ ငါ့အတင်းတွေပြောပြီး ငါ့ရှေ့မှာက သတင်းတွေပေါ့
ငါကိုမမြင်တဲ့အချိန် မုန်းစကားတွေပြောပြီး ငါ့ကိုမြင်ရင်တော့
ပြုံးပြနှုတ်ဆက်နေကြတာပေါ့
အဆိုးနဲ့အကောင်း အမုန်းနဲ့အပြုံး အတင်းနဲ့သတင်း ကဲ့ရဲ့ ချီးမွမ်း
ဒါတွေဟာ လူသဘောတွေမို့ အထူးတလည် တုန်လှုပ်နေခြင်းမရှိ
အဆင်ပြေအောင်နေတက်ခဲ့ပါပြီ…………………
ချစ်တဲ့စကား နားဝင်ချိုပြီး မုန်းတဲ့စကား နားဝမှာခါးတက်လေတော့
ချိုချိုခါးခါး အံတုရင်းနဲ့ ငါ့လမ်းငါဖောက် လျှောက်လှမ်းရင်းနဲ့
ခံစားမှုဆိုတာ မသိတော့လောက်အောင်
အဆင်ပြေပါတယ် နေတက်အောင် နေလျက်ပါပဲ…………………
author:musethu@musethu
photo:cedit google images