တည်ဆောက်ခဲ့မိတာပါ
ကျွန်မတို့ မိန်းကလေးတွေရဲ့ သဘာဝစိတ်ကိုက
သံယောဇဉ်ဆိုတာကို မရှိရင် မနေတက်လောက်အောင်ပါပဲ။
မိန်းကလေးတွေမှမဟုတ်ပါဘူးလေ လူဆိုရင် သံယောဇဉ်ဆိုတဲ့ နှောင်ကြိုးတွေရဲ့ကြားကနေ
ဘယ်သူတစ်ဦးတသ်ယောက်ကမှ မရုန်းထွက်နိုင်ကြပါဘူး။
ကျွန်မက လူတွေအများကြီးနဲ့ ပတ်သက်ပြီး စကားပြောဆက်ဆံတက်တဲ့အကျင့်မရှိသလို
လူသဘာဝစိတ်နဲ့ ပတ်သက်ဆက်နွယ်နေသမျှတို့ကိုလည်း အငြင်းခုံမလုပ်ချင်ပါဘူး။
ဘာကြောင့်လဲဆိုတော့ လူစိတ်တွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြသလို
စိတ်တွေအားလုံးဟာလည်း တစ်ထပ်တည်းကျနိုင်ဖို့ဆိုတာ ဘယ်လွယ်လိမ့်မလဲနော်
ကျွန်မဟာ တစ်ကယ်တော့ အိမ်ထောင်သည် တစ်ယောက်ပါ။
အိမ်ထောင်သည်ဆိုသော်လည်း အပူပင်တွေရှိလေတော့ကျွန်မတည်ဆောက်ခဲ့တဲ့ ဘဝတစ်ခုမှာ
အဆင်ပြေတာတွေ အဆင်မပြေပဲ ခက်ခဲနေတာတွေတော့ အနည်းငယ်တော့ရှိတာပေါ့နော်။
အဲ့ဒီအထဲမှာ သံယောဇဉ်ဆိုတဲ့အပူမီးကလေးကလည်း ရှိနေပြန်ပါတယ်။
ကျွန်မမှာ သားလေးတစ်ယောက်ရှိလေတော့ သူ့အတွက် အရာရာအဆင်ပြေချင်သလို
အဖက်ဖက်က လိုအပ်ချက်မရှိအောင် ဖြည့်ဆည်းပေးချင်တဲ့ဆန္ဒက ပြင်းပြ ပူပင်မိပါတယ်ရှင်။
ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာ မလွယ်ကူလှပါဘူး။
နေ့စဉ်စာဝတ်နေရေးအတွက် အလုပ်ကတဖက် လူမှုရေးကတဖုံ
တွယ်တာမိသမျှ နေ့စဉ်ပင်ပန်းနေတော့ အချိန်ကြာလာတော့ ကျွန်မတွေးမိတာလေးက
ဒါတွေဟာ ငါတည်ဆောက်ခဲ့တဲ့ ငါ့ဘဝပါလား။
author: @musethu
photo:cedit google images
This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.