ကောင်းတဲ့ပတ်ဝန်းကျင်မှာပဲနေထိုင်ချင်ပါတယ်လို့ ကျွန်မခဏခဏ တစ်ယောက်ထဲပြောနေမိပါတယ်။။ဝ
ကောင်းတဲ့ပတ်ဝန်းကျင်မှာ ဘာကြောင့်နေချင်တဲ့စိတ် ဖြစ်ပေါ်လာရသလဲ။
ဘာကြောင့်လဲ ဘယ်သူ့အတွက်လဲလို့ ကိုယ်မွေးထားတဲ့သားသမီးတွေအတွက်ကြောင့်ပါရှင်။
ကျွန်မနေထိုင်တဲ့ပတ်ဝန်းကျင်မှာ သားသမီးတွေနဲ့ပေါင်းသင်းနေကြတဲ့ သူငယ်ချင်းအပေါင်းသင်းတွေကို ကျွန်မမျက်စီမလပ် အမြဲပဲစောင့်ကြည့်နေခဲ့မိပါတယ်။ကျွန်မရဲ့သားသမီးတွေကို လိမ္မာရေးချားရှိတဲ့ကလေးတွေနဲ့ပဲ ပေါင်းသင်းဆက်ဆံစေချက်တာက ကျွန်မဆန္ဒတစ်ခုပါပဲ။စာတော်တဲ့ကလေး မဆဲဆိုတက်တဲ့ကလေး မရိုင်းစိုင်းတဲ့ကလေးတွေနဲ့ပဲ အမြဲတွဲပြီး သွားလာ ပြောဆိုဆက်ဆံတာလေးတွေကိုပဲ မြင်တွေ့ချင်ပါတယ်ရှင်။ဒီလိုလေးတွေမြင်တွေ့ရရင်ကျွန်မစိတ်ချမ်းသာလို့ပါ။သားသမီးတွေအတွက် စိတ်အေးတယ်လို့ဆိုရမှာပေါ့ရှင်။
အရက်သမား ဘိန်းသမား ဆေးလိပ်သောက်တဲ့သူ ကြက်တိုက် ဖဲရိုက်ပြီး လောင်းကစား အပျော်အပါးလိုက်စားကြတဲ့သူတွေနဲ့ ပေါင်းသင်းမိမှာကိုတော့ အထူးဂရုစိုက်နေရပါတယ်။
အတ္တကြီးပြီး မစောင့်စည်းတတ်တဲ့ လူ့ပေါ့သွမ်းတွေနားမှာ ကျွန်မသားသမီးတွေကို မြင်တွေ့မိရင်တော့ ဆုံမသွင်သင်ပေးနေရတာပါပဲ။
author:@musethu
photo:cedit google images
This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.