This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

နှလုံးသား၏နေရာတခု၌

musethu(2)
Published in
#busy
Words
54
Reading
1 min
8y
Listen to this post
~1 min

IMG_20180609_225559.jpg
သူ့ကိုသတိရလာတဲ့အချိန်ဆိုရင် မေ့ပစ်နိုင်အောင် ကြိုးစားခဲ့တယ်
ဒါပေမယ့် လွမ်းစိတ်တွေကိုတော့ ထိန်းချုပ်မရနိုင်ခဲ့ပါဘူး
အားငယ်တိုင်းတာ မျက်ရည်ကျနေမယ်ဆိုရင်
ကျွန်မမျက်ရည်တွေ ငိုစရာ ကျန်ရှိနေတော့မှာ မဟုတ်တော့ပါဘူးရှင်

သူတစ်ယောက်ထဲကိုသာ စွဲလမ်းစိတ်တွေနဲ့ မြတ်နိုးတွယ်တာ ချစ်ခဲ့မိပါတယ်
ဒါပေမယ့် ချစ်တိုင်းလည်းမညား ညားတိုင်လည်းမချစ်
ဒီစကားလုံးတွေက သူနဲ့ကျွန်မအတွက် ရည်ရွယ်ပြီး ပြောနေသလားမသိ
ရင်နာခြင်းတွေနဲ့ နာကျင်မှုတွေက တစ်ဆစ်ဆစ်ကိုက်ခဲနေတဲ့ အနာတစ်ခုလိုပါပဲ

သူနဲ့ကျွန်မ နားလည်မှုတွေ သဘောထားကြီးခြင်းတွေကို
တစိယောက်နဲ့တစ်ယောက် ထားရှိပေးခဲ့သော်လည်း
မမြင်ရတဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ ကံကြမ္မာက ဥပက္ခာပြုထားခဲ့ပြီလေ
ကံပေးသလောက် ချစ် ကံပေးသလောက်သာ ဆုံဆည်းနိုင်ခဲ့ကြတော့
အချစ်ဆိုတာ ကျွန်မအတွက်တော့ နေ့မြင်ညပျောက် ခဏသာလေးပါ
တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ နှလုံးသားဒဏ်ရာလေးဟာ
ပျောက်ကင်းလို့ အဆင်ပြေလာပါလိမ့်မယ်လို့ ဖြေသိမ့်ရင်း……………………………။
author: musethu@musethu
photo:cedit google images

နှလုံးသား၏နေရာတခု၌ | Ecency