တနေရာရာကနေ ဝင်ရောက်လာတဲ့ ငါ့အတွက်အလွမ်းတွေဟာ
ခံစားတက်တဲ့ ငါ့အသဲနှလုံးကို အတင်းလှုပ်နှိုးနေပြီ
ဒဏ်ရာနဲ့ငါ့နှလုံးသား အစွန်းအထင်းတွေနဲ့ ပေကျန်ရစ်ရင်း
တချိန်က အတိတ်ရဲ့ ကြောက်မက်ဖွယ်ရာ အိမ်မက်ဆိုးတွေဟာ
အရိပ်တစ်ခုအဖြစ်နဲ့ ခုချိန်ထိ ထင်ကျန်ရစ်တုန်းပါပဲ။
သူကအမြင့်မှာပွင့်တဲ့ပန်းပေမို့ လှမ်းခူးဖို့ကြံရွယ်
စုတ်ပေလွန်းနေတဲ့ ငါ့လက်တွေနဲ့ လှမ်းခွင့်မသာခဲ့ရပါဘူး
ငါ့ရဲ့ရင်က တခါးတစ်ချပ်ကိုဖွင့် နှလုံးသားထဲမှာ သော့ခတ်လို့သာ
သိမ်းထားခဲ့ရတယ်အချစ်ရယ်။
ပြန်မဆုံနိုင်တဲ့ ဒို့နှစ်ယောက်အလွှမ်းတွေကို ငါ့ရင်မှာ သိုဝှက်းရင်း
မျော်လင့်ခြင်းဆိုတာ ငါ့အတွက်တော့ မရေရာခဲ့ရတော့ ဦးတည်ရာ မျောလွှင့်ခဲ့မိပါပြီ။
နင့်အမုန်းတွေနဲ့ငါ့ရင်ကိုခွဲပြီး ကြင်နာခြင်းတွေကို ခံစားချက်ဆိုတဲ့
ချုပ်ရိုးနဲ့ထပ်ခါချုပ်လို့ ငါ့နှလုံးသားကို ဂူသွင်းသင်္ဂြိုလိုက်တောမယ်။
တချိန်ကအတိတ်ကို အရိပ်တစ်ခုလို ငါခင်တွယ်ခဲ့ နင့်ကိုမမုန်းပဲ
အပြုံးလေးတွေနဲ့သာ ပေးဆက်ပြီး ချစ်နေပါရစေချစ်သူ။
ယခုလိုအချိန်မှာ နင့်ကို လွမ်းနေမိတယ်ဆိုပေမယ့် အရာရာအတွက်
မျှော်လင့်ခြင်းမထားပဲ နင်ပျှော်ရွှင်နိုင်ဖို့ ငါအမြဲဆုတောင်တွေ ခြွေနေလျက်ပါနော်။

author: @musethu
photo:cedit google images
This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.