ကျွန်မမျက်နှာမှာ ငိုကြွေးနေရလွန်းလို့
နာကျင်စရာများဟာလည်း
ရင်ခွင်နဲ့ မဆန့်နိုင်အောင်ပါပဲ။
သူ့ကို ပိုင်ဆိုင်ချင်တဲ့စိတ်နဲ့
လက်လွှတ်အဆုံးရှုံးမခံနိုင်တဲ့ ကျွန်မဟာ
နာနာကျင်ကျင်နဲ့ ငိုကြွေးခဲ့ရဖူးတယ်။
အချစ်နဲ့ပတ်သက်ပြီး မျက်ရည်ကျစရာများ ကင်းဝေးပါစေလို့
နေ့စဉ်အမြဲလိုလို စိုးထိတ်စွာနဲ့ ဆုတောင်းနေလည်း
မမြင်ရတဲ့ ကံကြမ္မာကြီးက ကျွန်မကို နှိပ်စက်ပြန်တယ်။
ဟန်ဆောင်ကောင်းတဲ့ သူ့ရဲ့ မာယာကျော့ကွင်းထဲမှာ အမြဲငိုကြွေးခဲ့ရတယ်။
တော်ပါပြီလို့သာ
အချစ်နဲ့မကင်းတဲ့ကျွန်မ အချစ်နဲ့ဝေးရာကို
ပြေးထွက်ပြီး ချစ်တက်အောင်လည်း
ကျွန်မ မကြိုးစားချင်တော့ပါဘူး။
ဒီလိုမှ ကျွန်မပါးပြင်မှ မျက်ရည်တွေဟာ
မြေမခပဲ ငိုကြွေးစရာ မလိုအပ်တော့မှာပါ။
အချစ်ကြောင့် မျက်ရည်ကျပြီး နာကျင်တက်တဲ့နှလုံးသားလေး
ငိုကြွေးခြင်းကို ကျွန်မတကယ်ပဲ ကြောက်လန့်သွားခဲ့ရပါပြီ။
author: @musethu
photo:cedit google images.
This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.