ငွေမရှိရင် မျက်နှာလေးသေးငယ်ရသလောက် ငွေသာရှိနေမယ်ဆိုရင် လူလောကမှာ အဆင်မပြေစရာ အကြောင်းများများစားစားမရှိနိုင်ပဲ အလွန်ကို နည်းပါးကြပေလိမ့်မည်။
လူတွေနဲ့စိတ်နဲ့ ကိုယ့်ရဲ့စိတ်ဟာ မတူညီပဲ အမြဲကွဲပြားခြားနားမှုတွေနဲ့ အမြဲဖြစ်နေတက်ပါတယ်။
လူချင်းတူနေပေမယ့် စိတ်တွေက မတူညီနိုင်ပါဘူး။
ဒီအတွက်ကြောင့် ဘယ်သူ့ကိုမှာ ကိုယ့်ရဲ့စိတ်နဲ့နှိုမ်းယှဉ်ပြီး သဘောထားလို့မရနိုင်ပါဘူး။
လူတွေရဲ့စိတ်က ယခုတစ်မျိုး ခဏနေရင်တစ်မျိုး တော်တော်လေးကြာရင်တစ်မျိုးနဲ့ ဒီနေ့နဲ့မနက်ဖန် မတူညီသောစိတ်တွေ ရှိနေကြပါတယ်။
ပေါင်းသင်းဆက်ဆံမှုတွေထဲမှာ အများဆုံးကတော့ ငွေမျက်နှာလေးနဲ့ ပေါင်းသင်းကြတာအများဆုံးပါ။
တကယ့်အပေါင်းသင်းအစစ်အမှန်ဆိုတာ ငွေလက်ထဲမရှိတော့မှ သိရတက်ပါလိမ့်မယ်။
မေတ္တာဆိုတာ ပေးလိုက်တိုင်း ပြန်ရရှိတက်တဲ့အရာမဟုတ် ဒါကြောင့် ဘာပဲရှိရှိ ဘာပဲပေးပေး ဘာမျှော်လင့်ချက်မှမထားရှိတာ အကောင်းဆုံး စိတ်ကို ငြိမ်းချမ်းစေနိုင်ပါလိမ့်မယ်။
နောင်တ စိတ်တွေကို ရင်ဝယ်ပိုက်ပြီး ဆွေးမနေချင်တော့ပါဘူး။
နောက်တဆိုတာနောင်မှရတက်ကြလို့ပါပဲ။
တချို့လူတွေက ကိုယ့်အတွက်လိုအပ်ချိန်မှာ ပျားသကာလို လေချိုသွေးပြီးပြုမှုတက်ကြသော်လည်း မလိုအပ်တော့ရင်တော့ သူတို့၏စိတ်ဓါတ်တွေက မမေးပဲနဲ့ လူအခြေအနေကိုကြည့်လိုက်သည်နှင့် သိသာစွာ ပြောင်းလဲနေတက်ကြပါတယ်။
author: @musethu
photo:cedit google images
This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.