This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

နောက်မနက်ဖန်များစွာ

musethu(2)
Published in
#busy
Words
40
Reading
1 min
8y
Listen to this post
~1 min

နောက်မနက်ဖန်များစွာ
le4ouichds.jpg
တစ်ချိန်တုန်းကလို ရင်ခုန်စရာ
ချစ်တေးကဗျာလေးတွေကိုလည်း ရေချချင်စိတ်မရှိတော့ပါဘူး။
ကြေကွဲဝမ်းနည်းစရာ ပှုဆွေးသောက လွမ်းမောဖွယ်ရာများနဲ့
ပြည့်နေသော စာလွှာတွေကိုလည်း ရေးချချင်စိတ်ကုန်ဆုံးနေခဲ့ပါပြီ။
နာကျင်လွယ်တဲ့နှလုံးသားနဲ့ ထိခိုက်မြန်တဲ့ငါ့စိတ်တွေဟာ
ထုံကျင်ပြီးနေသလို ငါ့အတွက် ငါဘဝကို
ငါကိုယ်ငါချစ်တက်အောင် ငါ့စိတ်တွေက သတိပေးလို့နေပါတယ်။
အတိတ်ဆိုတာ သတိရ ရင် ကောင်းတဲ့အရာမဟုတ်လေတော့
အရိပ်ဆိုးတွေကို မေ့ပြစ်ရမယ့် အနေအထားမှာဆိုတော့
မျှော်လင့်ခြင်းအရောင်တွေကလည်း ပျောက်ကွယ်လို့နေပါပြီလေ။
နောက်လာမယ့်နေ့ရက်သစ်တွေအတွက်
အဆင်ပြေအောင် နေတက်သလိုလေး နေနိုင်ဖို့ ကြိုးစားရင်းဖြင့်
နောက်မနက်ဖန်များစွာကို ငါဟာ ကျော်လွှားသွားရဦးမှာပါ။
author:musethu@musethu
photo:cedit google images

နောက်မနက်ဖန်များစွာ | Ecency