ပထမဆုံး ချစ်ရတဲ့သူနဲ့ ချစ်ခဲ့တုန်းကလည်း အတူတူနေပြီး ဘဝတစ်ခု ထူထောင်နိုင်မယ်လို့ထင်ခဲ့မိတယ်။
ဒါပေမယ့် သူနဲ့အဆင်မပြေဖြစ်ပြီး လမ်းခွဲခဲကြတယ်။
အချိန်တွေတဖြးဖြေးနဲ့ ကြာလာပြီးနောက်တော့ သိပ်ချစ်ရတဲ့သူ နောက်တစ်ယောက်နဲ့ တွေ့ခဲ့ရပြန်တယ်။
ဒီတစ်ယောက်နဲ့လည်း ကံကောင်းခြင်းမရှိခဲ့ပါဘူး အကြောင်းကိစ္စတစ်ခုကြောင့် တစ်ယောက်နဲ့တစ်ယောက် စိတ်အခန့်မသင့်ဖြစ်ပြီး ပြတ်ခဲ့ပြန်တယ်။
အသည်းကွဲတယ်ဆိုပြီး လူတွေပြောကြတာကြားဖူးပေမယ့် ဒီစကားရဲ့အဓိပ္ပါယ်ကို သေချာမသိခဲ့ပေမယ့်လည်း ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်မတတ် နာကျင်ခံစားခဲ့ရပါတယ်။
အဲ့ဒီအချိန်ကစပြီး ကျွန်မအချစ်ဆိုတဲ့အရာကို သရဲတစ်ကောင်လို ကြောက်ရွံ့မိပါတော့တယ်။
နောက်ထက် ဘယ်သူကိုမှမချစ်မိအောင် နေလာခဲ့ပါတယ်။
ဒါပေမယ့် အသွေးအသားနဲ့တည်ဆောက်ထားလေတော့ သိပ်မကြာခင်မှာပဲ ဒီအချစ်စိတ်က ဒီရင်ခွင်မှာ ထပ်ပေါ်လို့လာပြန်ပါတယ်။
ကိုယ့်စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားခဲ့ပေမယ့် နောက်တစ်ယောက်ကို ထပ်ချစ်သွားပြန်မိပါတယ်။
ချစ်ရသောသူရဲ့လက်ကလေးကို ကိုင်နေရင်းက ကျွန်မစိတ်ထဲ ဆုတစ်ခုလောက်တော့ တောင်းလိုက်မိပါတယ်။
တခြားတော့မဟုတ်ပါဘူး နောက်ထပ် ချစ်သူမောင်ကို မဆုံးရှုံးပါရစေနဲ့ဆိုတဲ့ စကားလေးကိုပါပဲ။
ကျွန်မရဲ့ကံကိုက အချစ်နဲ့ပတ်သက်လာရင် ကံမကောင်းခဲ့တာလား ဒါမှမဟုတ် ရှေ့ဆုတောင်းပဲမှားခဲ့လေသလားဆိုတာကို ကျွန်မဝေခွဲမရ ဖြစ်နေမိတယ်။
ကျွန်မအမုန်းဆုံးဖြစ်တဲ့ ဘယ်ကဝင်ရောက်လာသလဲဆိုတာမသိတဲ့ ပြသနာလေးက ချစ်ရသူမောင်နဲ့ အကြောင်းမဆုံဖို့ ရန်တိုက်ပြီး ကျွန်မရင်ခွင်ထဲကနေ အပြီးအပိုင် ခေါ်ဆောက်သွားခဲ့ပါတော့တယ်။
ကျွန်မတစ်ယောက်ထဲ အထီးကျန်ခြင်းတွေနဲ့ ရင်ဘတ်တွေအောင့်ရင်း ကျန်ရစ်ဖြစ်ခဲ့ရပြန်ပါတယ်။
ဒီတစ်ခါ အချစ်ဆိုတဲ့အရာ ကျွန်မအနီးအနား ရောက်လာခဲ့မယ်ဆိုရင်တော့ ကျွန်မစကားလေးတစ်ခွန်းလောက်တော့ အရင်ဦးဆုံး ပြောလိုက်ချင်ပါတယ်။
ထိုစကားလေးကတော့ သင်လာရာလမ်းလေးအတိုင် ပြန်သွားပါတော့လို့ပြောရင်း နှလုံးသားခံစားချက်လေးကို အနားယူခွင့်ပေးပါတော့နော်………………………………။
author: @musethu
photo:cedit google images
This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.