This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.
ဒီကနေ့မှာတော့
ကောင်းကင်ယံက တိမ်ထုတွေဟာ
သူ့နေရာနဲ့သူ ပုံပေါ်ပြီး လှပတင့်တယ်စွာနဲ့
ရွေ့လျားနေပါတော့တယ်။
စနစ်တကျနဲ့ ရွေ့လျားနေတာက အထူးအဆန်းရယ်ပါ။
ဒီကနေ့ နေသာချက်ကတော့
မနက်မိုးလင်းတဲ့အချိန်မှအစပြုလို့
ညနေ နေဝင်သွားမည့်အချိန်ထိ ထွန်လင်းသောနေရောင်ခြည်နဲ့အတူ
လှပလို့နေမယ်လို့တော့ မြင်မိပါတယ်။
အရင်နေ့တွေကတော့ မိုးတွေက ကောင်ကင်မှာ အုံ့မှိုင်းလို့နေလေရဲ့
မနေ့က မိုးကို ဒီနေ့မှာ မျှော်နေမိနေပေမယ့်
မမျှော်တော့ပါဘူး။
တခါတလေမှ ဒီလိုထွန်းလင်းတောက်ပနေတဲ့ နေရောင်ခြည်ကို မြင်တွေ့ရတဲ့
နေ့ရက်တွေဖြစ်နေလို့ ကောင်းကင်ယံကို မော့ကြည့်နေပြီး
တောက်ပသော အလင်းတန်းတစ်ခုကို နှုတ်ခွန်းဆက်လိုက်မိပါ၏။
"အော်"
နေမင်းကြီးရေ သာနိုင်သလောက် အစွမ်းကုန် ထွန်းတောက်လိုက်ပါတော့လို့……………………
author: @musethu
photo:cedit google images