This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

အရေးကြီးဆုံးက

musethu(2)
Published in
#busy
Words
41
Reading
1 min
8y
Listen to this post
~1 min

Alcoholism.gif
ကျွန်အမြင်ကတော့ ကိုယ့်ပတ်ဝန်းကျင်ကြောင့်
ကိုယ်ပြောင်းလဲစေနိုင်တယ်ဆိုတာ လူပျော့လူညံ့တွေရဲ့ အတွေးလို့ပါ။
ကျွန်မအမြဲတွေးနေမိတယ် ပျက်ချင်ရင်တော့ ကိုယ်တိုင်ပျက်လိုက်မယ်။
ဖြစ်ချင်ရင်တော့ ကိုယ်တိုင်ဖြစ်လိုက်မယ်။
ပြောင်းလဲချင်ရင် ကိုယ်တိုင်ပြောင်းလဲလိုက်မယ်ပေါ့။
ကိုယ်ဖြစ်ပျက်သမျှတွေဟာ ဘေးပတ်ဝန်းကျင်နဲ့
ဘာမှသက်ဆိုင်ခြင်းမရှိပါဘူး။
ကိုယ်ကောင်းရင် ခေါင်းဘယ်တော့မှ မရွေ့နိုင်တဲ့စကားလိုပေါ့ရှင်။
တချို့လူတွေပြောလေ့စကားရှိပါလိမ့်မယ်။
မကောင်းတဲ့ပတ်ဝန်းကျင်မှနေရင် မကောင်းတဲ့ အကျင့်စရိုက်တွေ ကူးဆက်တက်တယ်တဲ့။
မှန်သင့်သလောက်တော့မှန်နေပါလိမ့်မယ်။
ဒါပေမယ့် ကိုယ့်စိတ်ကအဓိကကျပါတယ်။
အကောင်းဆုံးပတ်ဝန်းကျင်ဆိုတာ ကျွန်မတို့လူဘဝမှာ
တွေ့ကြုံပေါင်းသင်း ဆက်ဆံရဖို့ဆိုတာ မလွယ်ကူနိုင်ပါဘူး။
တွေ့ကြုံလာသမျှလူတွေပဲဖြစ်ဖြစ် ကိုယ်နေတဲ့ပတ်ဝန်းကျင် အတိုင်းအဝိုင်းပဲဖြစ်ဖြစ်
လိုက်ရောညီထွေအောင် အဆင်သင့်သလို နေထိုင်ဆက်ဆံနေကြရပါတယ်။တယ်
author:musethu@musethu
photo:cedit google images

အရေးကြီးဆုံးက | Ecency