ဖခင်ဆိုတာ

Words
107
Reading
1 min
Listen
Play
9y

လောကတွင်မည်သူမဆို အဖေရှိကြသည်။အဖေဆိုသည်မှာ အဖေဖြစ်ပါသည်။ကျွန်တော်တို့ ရွာသည် ရွှေဘိုမြို့နှင့် ၁၂မိုင်ကွာဝေးသည်။အဖေသည် အိမ်ဈေးဆိုင်အတွက် လိုအပ်သောကုန်ပစ္စည်းများကို ရွှေဘိုသို့ သွားပြီးဝယ်ရလေသည်။ထိုခေတ်အခါက ယခုခေတ်လို ဆိုင်ကယ်များ ကားများမပေါသေး သောကြောင့် စက်ဘီးနှင့်သွား၍ သွယ်ရလေသည်။ဟုတ်တယ်လေအဲ့တော့ဘာဖြစ်လဲ
image
အဖေသည် ၁၂မိုင်ကွာဝေးသော ရွှေဘိုမြို့သို့ ဈေးသွားသောရက်များတွင် မနက်စောစောထ၍ သွားတက်သည်။ထိုသို့သောရက်မျိုးသည် ကျွန်တော့ငယ်ဘဝတွင် အလွန်ပျော်သော ရက်များပင်ဖြစ်သည်။ကြောင်မရှိလျှင် ကြွက်မြူးသည် ဆိုသကဲ့သို့ ကျွန်တော်သည် အဖေဈေးသွားသော ရက်များတွင် အိမ်မကပ်တော့ပဲ တစ်နေကုန် လည်တက်ပေသည်။သို့သော် ညနေ အဖေပြန်မရောက်မီ အိမ်သို့ အရောက်ပြန်ရလေသည်။ရေမိုးချိုးပြီး သပ်သပ်ရပ်ရပ်ဝတ်စားထားပြီး အဖေပြန်အလာကို ကြိုရလေသည်။ထိုသို့ မကြိုမိပါက ထိုညနေအတွက် အဆူခံထိမှာ အသေခြာပင်။ဆူထံရမှတော့စိတ်ညစ်တာပေါ့ကွာ။
image
အဖေသည် ညနေ ပြန်ရောက်၍ မိသားစု စုံစုံလင် ကြိုနေလျှင် မောလာသော်လည်း ပြုံး၍နေတက်လေသည်။ထိုခံစားချက် ငယ်စဉ်အခါက မသိခဲ့ပေ။အဖေသည် ကျွန်တော်တို့ကို ငယ်ငယ်တည်းက နွေကျောင်းပိတ်ချိန်ဆိုလျှင် ရွာ၏ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းရှိသည့်အနက်မှ တောင်ကျောင်းတွင် စာပေသင်စေသည်။တောင်ကျောင်းဆရာတော်သည် အရိုက်လွန်စွာကြမ်း၏။စိတ်ဆက်၏။စနစ်ကျ၏။ထိုသို့သော ဆရာတော်ထံတွင် စာပေသင်ခွင့် ရခြင်းမှာ ကံကောင်းလေစွ။
image
သို့သော် ကျွန်တော်ယခုချိန်ထိ ကံကောင်းသည်လား ဆိုးသည်လား ဝေခွဲမရသော အကြောင်းရှိနေသေးသည်။အကြောင်းမှာ ကျွန်တော်သည် ဘုန်းကြီးချစ်တော် ကျောင်းသားဖြစ်လာခဲ့သောကြောင့်ဖြစ်သည်။ဘုန်းကြီးချစ်တော် ဖြစ်သောကြောင့် စာမရသောအခါမျိုးတွင် တစ်ခါမျှ ဘုန်းကြီးကိုယ်တိုင် ရိုက်ချင်းမခံခဲ့ရပေ။စာမေးသောအခါတွင် ဘုန်းကြီးမဟုတ်ဘဲ လက်ထောက်ဥူးဇင်းဖြစ်ပါက ထို့နေ့ အရိုက်ခံရသောနေ့ ဖြစ်ပေသည်။အကြောင်းမှာ ကျွန်တော် စာ ဘယ်တုန်းကမှ မရ၍ဖြစ်သည်။နောက်ပိုင်းတွင် ဘုန်းကြီး ခရီးသွားမည့်ရက်များတွင် စာရအောင် ကျက်ရပေတော့သည်။ထိုမှ အရိုက်ခံရလွတ်ပါတော့သည်။ထို့ကြောင့် ဘုန်းကြီးချစ်တော်ဖြစ်ခဲ့သော ကျွန်တော် ကံကောင်းခဲ့သည်လား ဆိုးခဲ့သည်လား ဝေခွဲမရသေးပါ။ကျွန်တော်ကတော့ ကံဆိုးခဲ့သည်ဟု ထင်သောဘက်တွင် အလေးသားနေပါသည်။ဘာလားညာလားသိဘူး image
သူများဟာကော်ပီကူးကြည့်ထားတာ။အားလုံးအဆင်ပြေပါစေ။:)
Photo credit myself

mrnaingsoe@mrnaingsoe

ဖခင်ဆိုတာ | Ecency