ဘာအရင်းအနှီးမှမရှိလို့ ဘယ်နေရာမှ မရင်းနှီးဘူးဆိုရင်
ဘာမှလည်း ဖြစ်လာဖို့ မရှိပါဘူး။ လုပ်ငန်းတွေမှာ ရင်းနှီး
ဖို့ မစဉ်းစားခင် မိမိကိုယ်ကိုယ်မှာ အရင်ဆုံးငွေကို ရင်းနှီး
မြှုပ်နှံသင့်ပါတယ်။ မိမိကိုယ်တိုင်ဟာ ကျွမ်းကျင်ပြီး အသိ
ပညာမြင့်မားတဲ့သူတစ်ယောက်ဖြစ်လာမှ မိမိလုပ်တဲ့လုပ်
ငန်းတွေဟာ ပိုမို အောင်မြင်လာမှာဖြစ်ပါတယ်။
တစ်နေ့က ကျွန်တော် အင်္ဂလိပ်စာလေ့လာလို့ရမယ့် Youtube
Link လေး တစ်ခုရှဲတော့ ညီငယ်တစ်ယောက်က “Fbကို
တိုက်ရိုက်ဗီဒီယိုတင်ပေးနိုင်ရင်ကောင်းမယ်ဗျာ ၊ fb package
ပဲလျှောက်ထားတော့ အပြင်ကvideoတွေကြည့်လို့မရဘူး”
လို့မန့်လာပါတယ်။ သူ့ကို အပြစ်မပြောပါဘူး။ သူလည်း
သူ့အမြင်ကို ပြောတာဖြစ်ပါတယ်။ ဒါပေမယ့် အချို့အရာတွေ
က သူပြောသလောက် မလွယ်ပါဘူး။ အဲ့ဒီဗီဒီယိုတွေဟာ
Facebook ပေါ် တင်ရင် Copyright ကြောင့် ပေ့ခ်ျတောင်
အဖျက်ခံရနိုင်ပါတယ်။ နောက်တစ်ခုက အဲ့ဒီဗီဒီယိုတွေဟာ
ဆရာ၊ဆရာမတွေအနေနဲ့ သေသေချာချာ အချိန်ပေးပြီး
လုပ်ပေးထားတဲ့ ဗီဒီယိုတွေဖြစ်ပါတယ်။ Youtube ပေါ်မှာ
လည်း အလွယ်တကူ ကြည့်နိုင်အောင် တင်ပေးထားတာ
ဖြစ်ပါတယ်။ သူတို့အနေနဲ့ ဗီဒီယိုကြည့်ဖို့ အခကြေးငွေ
မယူထားပါဘူး။
ပြဿနာက အင်တာနက်ခ မတတ်နိုင်ကြတာပါ...သို့မဟုတ်
Youtube မှာ ကြည့်လိုက်ရင် ကုန်သွားမယ့် ငွေကိုနှမြော
ကြတာပါ။ ဒီညီလေးတစ်ယောက်ပဲ မဟုတ်ပါဘူး။ မြန်မာ
ပြည်မှာ Facebook Package အတွက် ငွေကြေး အကုန်
ခံနိုင်ကြပေမယ့် အခြား မိမိဘဝကို ပြောင်းလဲစေမယ့်
အရာမျိုးတွေအတွက် ငွေပေးရမှာ မတန်ဘူးလို့ ထင်နေ
တဲ့သူ အချို့ရှိနေပါတယ်။ အချို့လူငယ်လေးတွေမှာ အဲ့ဒီ
လို အတွေးရှိနေတဲ့အတွက် သူတို့ကို အပြစ်ပြောလိုခြင်း
မဟုတ်ပဲ သိသလောက် ပြန်လည် လမ်းညွှန်တဲ့အနေနဲ့
ဒီပို့စ်ကို ကျွန်တော်ရေးတာ ဖြစ်ပါတယ်။
ခဏလောက် မျက်လုံးလေးကိုမှိတ်၊ တစ်မိနစ်လောက်
ခေါင်းထဲမှာ ပြန်စဉ်းစားကြည့်ပါ။ သင်တစ်လတာ
Facebook အတွက် သုံးတဲ့ ဖုန်းဘေလ်ဖိုးကို အရင်
စဉ်းစားပါ။ တစ်နည်းအားဖြင့် ဒါဟာ သင်အင်တာနက်
အတွက် တစ်လတာ တတ်နိုင်တဲ့ ဘတ်ဂျက်ဖြစ်ပါတယ်။
စဉ်းစားပြီးပြီလား....စဉ်းစားပြီးရင် နောက်တစ်ခု ထပ်စဉ်း
စားကြည့်ပါ။ အချိန်ဘယ်လောက် Facebook အတွက်
ပေးထားလဲ။ တစ်နေ့ ၂နာရီလား...၄နာရီလား...အမှန်
အတိုင်းဖြေပါ။ မိမိကိုယ်ကိုယ်ရိုးသားပါ။ နောက်တစ်ချက်
ထပ်စဉ်းစားပါ။ အဲ့ဒီလို ငွေရယ်..အချိန်ရယ်..ကုန်ပြီးချိန်
မှာ Facebook ကနေ သင့်ဘဝကို မြင့်မားစေခဲ့တဲ့
အကျိုးကျေးဇူး ဘာတွေရှိနေလဲ...
စဉ်းစားပြီးလို့ သင်ဟာ သင်သုံးလိုက်တဲ့ ငွေနဲ့အချိန်
အတွက် ထိုက်တန်တာ ပြန်ရနေတယ်လို့ ထင်ရင်
အခု ဆက်ရေးမယ့်စာ ဆက်ဖတ်စရာမလိုတော့ပါဘူး။
သင့်အတွက် အကျိုးရှိနေတယ်ဆိုရင် လုပ်သင့်တဲ့အရာ
ပါ။ သို့မဟုတ်....အကျိုးအမြတ်မယ်မယ်ရရမရှိပဲ အချိန်
နဲ့ ငွေပဲ ကုန်နေတယ်ဆိုရင်တော့..အောက်က စာကို
ဆက်ဖတ်ကြည့်ပါ။
Youtube က ၇မိနစ်စာ သို့မဟုတ် ၁၀မိနစ်စာ ဗီဒီယို
တစ်ခုကို 360 P Quality လောက်နဲ့ ဒေါင်းလုပ်ဆွဲရင်
50 Mb အများဆုံးပါပဲ။
1Mb = 8 Kyats
1 Lesson = 50Mb = 400 Kyats
၁၀ မိနစ်စာ သင်ခန်းစာတစ်ခုအတွက် သင် ၄၀၀ ကျပ်
လောက် ကုန်ကျနိုင်ပါတယ်။ အဲ့ဒီလို သင်ခန်းစာပေါင်း
အခု ၅၀ ဒေါင်းလုပ်လုပ်ရင်
50 x 400 Ks = 20,000 Ks ကျသင့်ပါတယ်။ အပြင်
မှာ အင်္ဂလိပ်စာ သင်တန်းတက်ရင် အနည်းဆုံး ၅၀၀၀၀
ကျပ်လောက်က စတာများပါတယ်။ သင်တဲ့အချိန်လည်း
အရမ်းမများသလို တစ်ခါတစ်လေ ဆရာမကောင်းရင်
သင်တန်းသာပြီးတယ် ဘာမှ မရလိုက်တာမျိုးရှိတတ်ပါ
တယ်။ သင်တန်း မတက်နဲ့လို့ ပြောနေခြင်း မဟုတ်ပါ။
သင်တန်းတက်ဖို့ မအားသေးရင် Online ကနေ သင်ယူ
စေချင်တာပါ။ သင်ယူဖို့ မနှမြောစေချင်တာပါ။ သင်ယူဖို့
ပိုက်ဆံစုစေချင်၊ ချန်ထားစေချင်တာပါ။ ပညာကို အဲ့ဒီလို
မရရအောင် ယူတဲ့သူသာ တစ်နေ့သူများရှေ့ကို ရောက်တာ
ဖြစ်ပါတယ်။ ဆင်ခြေတွေနဲ့ ပြည့်နှက်နေရင်တော့ တစ်သက်
လုံး ဆင်ခြေတွေနဲ့သာ နေထိုင်သွားရဖို့များပါတယ်။
Youtube မှာ ကြည့်ကို ကြည့်ရမယ်လို့ ဆိုလိုတာမဟုတ်ပါ။
Facebook မှာ အလွယ်တကူကြည့်လို့ရရင် ကြည့်ပါ။ ကြည့်
လို့မရတဲ့အခါ မိမိလိုချင်တဲ့ ပညာရဖို့ Facebook ကို ခွာပါ။
Facebook ကို ခွာရမှာ ကြောက်တဲ့စိတ်ကို ဖယ်နိုင်အောင်
ကြိုးစားပါ။
ဒေါင်းလုပ်ဆွဲဖို့ ပိုက်ဆံ လုံးဝရှာလို့ မရပါဘူးဆိုရင် Wi-fi
အလကားရတဲ့ နေရာ ရှာလို့ရပါသေးတယ်။ Wi-fi ရတဲ့
နေရာတွေမှာ အချိန်ရရင် ရသလို သင်ခန်းစာလေးတွေ
ဒေါင်းပြီး စုထားက အိမ်ကျမှ ပြန်လည်လေ့လာသင့်ပါ
တယ်။ ပညာရေး အတွက် ပိုက်ဆံဆိုတာ ထားကိုထား
သင့်ပါတယ်။ အဆက်မပြတ်လေ့လာမှုကသာ သင့်ဘဝကို
တိုးတက်စေမှာဖြစ်ပါတယ်။ ငယ်ရွယ်စဉ် ရုပ်ဝတ္ထုတွေပေါ်
ပိုက်ဆံသုံးတာ တတ်နိုင်သလောက် လျော့သင့်ပါတယ်။
မိမိရဲ့အရည်အချင်းတိုးတက်အောင် သင်ယူမှုပေါ်မှာ
ရင်းနှီးမြှုပ်နှံသင့်ပါတယ်။ အရည်အချင်းရှိရင် ငွေကြေးက
နောက်က ပါလာမြဲပါပဲ။ နောက်ဆုံးပေါ် iPhone သုံးဖို့
ငွေတွေ ခြစ်ခြုတ်စုမယ့်အစား မိမိရဲ့ အရည်အချင်းတွေ
တိုးတက်ဖို့..Upgrade မြှင့်ဖို့ သုံးသင့်ပါတယ်။ အရည်
အချင်းရှိပြီး လစာတွေ ကောင်းသွားတဲ့ အခါကျရင်
ရုပ်ဝတ္ထုပစ္စည်းတွေ ဝယ်လို့ရပါတယ်။
မိမိအရည်အချင်းတိုးဖို့ ငွေကြေးရယ်..အချိန်ရယ် ရင်းနှီး
မြှုပ်နှံကြပါလို့ လူငယ်တွေကို စေတနာနဲ့ တိုက်တွန်းလိုက်
ရပါတယ်။
ဖတ်မိသမျှကိုပြန်လည်ဝေမျှသည်။
Smt 62