Image credit: google
သူများအကြောင်းကို..
သိနေတာထက်
မသိချင်ယောင်ဆောင်ပြီး
နေလိုက်တာ
ပိုဘေးကင်းတယ်။။
ကိုယ့်အကြောင်းကို..
ရင်ဖွင့်ချင်တာထက်
တိတ်တိတ်လေးသည်းခံ
မြိုသိပ်လိုက်ရတာ
ပိုလုံခြုံတယ် ..။
ကိုယ့်ကိုမချစ်တဲ့သူကို
မျှော်လင့်မိတာထက်
သူချစ်တဲ့သူဆီသွားဖို့
လွှတ်ပေးလိုက်ရတာ
ပိုအေးချမ်းတယ်..
အဲဒါသူကို ချစ်လို့.. ။
မသိသင့်တာကို
မသိချင်ယောင်ဆောင်တတ်
မဖြစ်နိုင်တာကို
မမျှော်လင့်ပဲနေထိုင်တတ်ဖို့
အရမ်းကို အရေးကြီးတယ်..။
လောကကြီးမှာ
စိတ်ပင်ပန်းမှု့ဖြစ်လာရခြင်း
အဓိက အကြောင်းအရင်းက....
ကိုယ်ပေးသလောက်
ပြန်များပေးကြမလားဆိုတဲ့ စိတ်
ကိုယ်ချစ်သလောက်
ပြန်များချစ်ကြမလားဆိုတဲ့ စိတ်
ကိုယ့်ခံစားမှု့ကို
နားလည်ပေးကြမလားဆိုတဲ့ စိတ်
အဲ့ဒီ… မျှော်လင့်ချက်တွေကြောင့်…ပဲ။