30-40

mooen(37)
Published in
#esteem
Words
58
Reading
1 min
Listen
Play
9y

အသက်ငယ်ငယ် 30-40 နဲ့ အရမ်းအောင်မြင်တဲ့မြန်မာ့စီးပွားရေး လုပ်ငန်းရှင်တွေ ဘာညာဆိုပြီး ခဏခဏ ဖတ်နေရလို့ပါ။ တစ်ကယ်တော်တဲ့ သူတွေမှန်းလက်ခံပါတယ်။ ဒါပေမယ့်ဗျာ ဖတ်ကြည့်လိုက်ရင် ဘဝအစကတည်းက တောင့်လိုက်တဲ့ background၊ ဒီလိုဖြစ်တာလာမထူးဆန်းဘူး မဖြစ်လာရင်သာ ထူးဆန်းဦးမှာ။

မနာလိုလို့ပြောတာမဟုတ်ပါဘူး ဒါပေမယ့် အရမ်းအောင်မြင်တဲ့ဘယ်သူဘာညာဆိုတာတွေ တက်လာလွန်းလို့ ဖတ်လိုက်ရင် မူလကတည်းက ချမ်းသာပြီးသား မိဘတွေက ဒီစီးပွားရေးအသိုင်းအဝိုင်းထဲမှာ ရှိနေပြီးသားသူတွေချည်းပဲ။ အဲ့လိုသူတွေ အများစုပဲ ရှိသမျှစီးပွားရေးတွေအကုန်လိုက်လုပ်၊ လုပ်ငန်းငယ်လေးတွေကိုဖြို အဲ့စီးပွားခေတ်မကောင်းတော့ရင် အကုန်ရောင်းပြီး တစ်ခြားစီးပွားရေးတစ်ခုကို ငွေထုပ်ပိုက်ပြီးဝင် အိပ်မက်တွေတစ်ပုံတစ်ပင်ကြီးနဲ့ လုပ်ငန်းငယ်လေးတွေ ဖွာလန်ကြဲပြီးကျန်ခဲ့။

ကျွန်တော်ပြောမယ် အဲ့လိုမျိုးတွေကို အားကျလို့မရဘူးသိလား။ အဲ့ဒါ ဘဝမဟုတ်ဘူး။ အားကျချင်တယ်ဆို မြန်မာထဲမှာ မိဘကရော ဘာဆိုဘာမှမရှိတဲ့ဘဝကနေစခဲ့ပြီး အသက်သုံးဆယ်မှာ ဒိတ်ဒိတ်ကြဲ စီးပွားရေးလုပ်ငန်းရှင်ဖြစ်နေတဲ့ သူမျိုးတစ်ယောက်လောက်ရှာကြည့်ကြည့်ပါ၊ ခုနကလိုအောင်မြင်တဲ့သူ ဆယ်ယောက်မှာ တစ်ယောက်လောက်တောင် ပါချင်မှပါမယ်။
Smt 62

30-40 | Ecency