👉10 to Million Myanmar

mooen(37)
Published in
#esteem
Words
395
Reading
2 min
Listen
Play
9y

image

Photo credit: Pixabay

10 to Million Myanmar ဆိုလား ဘာလား ကိုယ်တော့
တစ်ခါမှတီဗွီမှာ မကြည့်ဖြစ်သေးဘူး။ တွေ့လိုက်ရတာကတော့
Facebook မှာပါ။ ကလေးမလေး တစ်ယောက် UK ဆိုတာ
ဘာမှန်းမသိလို့ ဗဟုသုတပိုင်း ညံ့ဖျင်းလာတယ်ဆိုပြီး
တင်ထားတဲ့ ပိုစ်တစ်ခုပါ။ ကလေးမလေး ညံ့တာ မညံ့တာလေး
ခဏထားအုံး။ မေးခွန်းကြီးကလည်း မမှန်ဘူး။ မေးခွန်းက UK
သည် မည့်သည့်နိုင်ငံကိုခေါ်ဆိုသနည်းတဲ့။ အဖြေမှာ (၃)ခုပေး
ထားတယ်။ (၁) America (၂) Ukraine (၃)England တဲ့။
အဖြေမှန်သိချင်ရင်တော့

https://en.wikipedia.org/wiki/Countries_of_the_United_Kingdom
မှာ ကြည့်ကြည့်ပါ။ မေးခွန်းရဲ့ သဘောအရ အဖြေမှန်မပါဘူး
ဆိုရင် ရွေးချယ်စရာ နံပါတ် (၄) အနေနဲ့ “တစ်ခုမှ မဟုတ်ပါ”
ဆိုတာမျိုး ထည့်ပေးသင့်ပါတယ်။ ငယ်ငယ်တုန်းကဆိုရင်တော့
None of the above ဆိုတာမျိုးပေါ့။ ထားလိုက်ပါအုံး ဒါက
မေးခွန်းမှားတဲ့အပိုင်းပါ။

ကလေးဘက် ပြန်လှည့်ရရင်...ခင်ဗျားတို့တော့ မသိဘူး။
ကျွန်တော်တော့ အပွင့်လင်းဆုံး ဝန်ခံရရင် အဲ့ဒီပြိုင်ပွဲ သွားပြိုင်ရင်
ကျွန်တော်လည်း ကောင်းကောင်း ဖြေနိုင်မှာ မဟုတ်ဘူး။
ကျွန်တော့်မေ့နေတာတွေ အများကြီးရှိသွားပြီ။ ငယ်ငယ်က
သင်ခဲ့တာတွေ အများကြီးပဲ။ ဖတ်ခဲ့တာတွေလည်း အများကြီး
ပဲ။ အခုနေ ပြန်မေးရင် မရတော့တာတွေတစ်ပုံကြီးပဲ။ မသိတာ
တွေ ပြောရရင် ကိုယ့်အရှက်ကိုယ်ခွဲသလိုဖြစ်အုံးမယ်။ ဖြတ်သန်း
ရတဲ့ ဘဝအနေအထားပေါ် မူတည်ပြီး ဖတ်ရတဲ့စာတွေလည်း
ပြောင်းလဲသွားတယ်။ ကိုယ့် Career နဲ့ ပတ်သက်တာတွေ
ပိုဖတ်ခဲ့ရတယ်။အထွေဗဟုသုတ ဆန်တဲ့မေးခွန်းတွေ မေးရင်
မသိတာတွေများလာတယ်။ ဘယ်နိုင်ငံရဲ့ သမ္မတက ဘယ်သူတို့၊
ကမ္ဘာ့အရှည်ဆုံးမြစ်တို့၊ ပထမကမ္ဘာစစ် ဘယ်တုန်းက ဖြစ်ခဲ့
တာလဲ�တို့၊ ဘယ်နိုင်ငံက ဘာအထွက်ဆုံးလဲတို့....အဲ့ဒါတွေ မမှတ်
မိတော့ပါဘူး။ ဗဟုသုတနည်းလှချည်လားလို့ ကိုယ့်ကိုယ်ပြော
ရင်လည်း ပြောပါ။ အပြောခံနိုင်ပါတယ်။ မိမိဦးနှောက်က �
အတိုင်းအတာ တစ်ခုအထိ ဆန့်တဲ့ Hardisk သဘောမျိုး
�ဖြစ်လို့ Priority တွေခွဲပြီး သိမ်းထားရပါတယ်။ Unlimited
Spaceရှိတဲ့ Hardiskမျိုး ပိုင်ထားတဲ့သူတွေကတော့
ဗဟုသုတ အပြည့်အစုံရှိကြမှာပါ။ ကိုယ်ကတော့ အဲ့ဒီထဲ
မပါပါ။

ကျွန်တော့်အယူအဆကတော့ အဲ့ဒီဗဟုသုတတွေက သိသင့်
တယ်။ ဒါပေမယ့် ဘဝမှာ 1st Priority (ပထမဦးစားပေး)
တော့ မဟုတ်ဘူး။ ထပ်ပြီး တိတိကျကျပြောရရင် ကျွန်တော့်
အတွက် မဟုတ်တာပါ။ အဲ့ဒီဗဟုသုတတွေနဲ့ ထမင်းစားမယ့်
သူတွေအတွက်ဆိုရင်တော့ အဲ့ဒါတွေက နံပါတ်(၁)ဖြစ်သင့်
ပါတယ်။ ဒါပေမယ့် လူဆိုတာ ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝအတွက်
ဦးစားပေးရွေးတတ်ရတယ်။ ကိုယ့်ရဲ့အနေအထားနဲ့ ကိုက်ညီ
တဲ့ ဦးစားပေးတွေ တန်းစီတတ်ရတယ်။ ကျွန်တော် အဲ့ဒီလို
စာမျိုးတွေထက် ကျွန်တော့် Career အသက်မွေးဝမ်းကြောင်း
နဲ့ ပတ်သက်တဲ့စာတွေ ပိုဖတ်ဖြစ်တယ်။ Marketing, Digital
Marketing, English Learning, Business, Sales, ďż˝
Blogging, စသဖြင့် စာတွေ ဖတ်ဖြစ်တယ်။ အဲ့ဒီစာတွေမှာ
လည်း တစ်ဖက်ကမ်းခက် သိနေတယ်လို့ မပြောပါဘူး။
ဒါပေမယ့် မိမိရဲ့အသက်မွေးဝမ်းကြောင်းမှာ တိုးတက်စေဖို့
တော့ အဲ့ဒါတွေ အမြဲဖတ်တယ်။ ကမ္ဘာ့အကြီးဆုံး တံတားက
ဘယ်တံတားလဲ ကျွန်တော် မသိလို့ ကျွန်တော့်ကို အထင်သေး
တဲ့သူတွေ ရှိနိုင်တယ်။ အဲ့ဒီထက်ဆိုးတာက ကိုယ်လုပ်နေတဲ့
အလုပ်အကြောင်း မသိလို့ ဒုက္ခရောက်တာမျိုး၊ ကိုယ်မသိတာ
ကြောင့် ကိုယ့်ဘေးက လုပ်ဖော်ကိုင်ဖက်တွေ အလုပ်ပိုသွား
တာမျိုး၊ ကိုယ်မသိတာကြောင့် ကိုယ့်ကို လစာပေးနေတဲ့
Company နစ်နာသွားတာမျိုး တွေပါ။ ကမ္ဘာ့အကြီးဆုံး�
တံတားက ဘယ်တံတားလဲ ဆိုတဲ့ဗဟုသုတမျိုးနဲ့ Career
နဲ့ �ပတ်သက်တဲ့ဗဟုသုတမျိုး ယှဉ်ရင် ကျွန်တော့်အတွက်
ဦးစားပေးနံပါတ်(၁)က Career နဲ့ပတ်သက်တဲ့ဗဟုသုတ�
မျိုးပါ။ ငယ်ငယ်တုန်းကတော့ နံပါတ်(၁) ကတော့ အထွေထွေ
ဗဟုသုတပါ။

ဒါဆို အခြေခံ ဗဟုသုတတွေ ကလေးတွေ မသိသင့်တော့
ဘူးလား၊ ဒါတွေကို အားပေးအားမြှောက်မလုပ်တာလား
လို့ မေးရင်တော့ မဟုတ်ပါဘူး။ မလုပ်စေချင်တာက အဲ့ဒီ
ကလေးပုံတွေကို အွန်လိုင်းပေါ် တင်ပြီး ဗဟုသုတနည်းလှ
ချည်လားလို့ ဝိုင်းပြောနေကြခြင်းပါ။ သူ့ဘာသာ TV အစီ
အစဉ်မှာ မဖြေနိုင်လို့ အရှက်ကွဲလို့ စာသင်ခန်းထဲကျရင်
အစခံရင် ခံနေရမှာပါ။ အဲ့ဒီအပြင် အွန်လိုင်းမှာ တစ်သီ
တစ်တန်းကြီး အပြစ်ဝိုင်းပြောနေကြရင် ပိုတောင် ဆိုးပါ
အုံးမယ်။ ရှက်လို့ပိုကြိုးစားတဲ့သူရှိသလို ရှက်လို့ စိတ်ဓာတ်
အောက်ဆုံး ထိုးကျသွားတတ်တဲ့သူတွေလည်း ရှိတယ်
ဆိုတာ မမေ့စေချင်ပါဘူး။ လူတိုင်းကို Treatment တစ်မျိုး
ထဲနဲ့ ဆက်ဆံလို့ မရပါဘူး။ ကလေးတွေ စိတ်နေစိတ်ထား
အရ စာသင်ပေးတဲ့ Method, အပြစ်ပေးတဲ့ Method
တွေ ကွာခြားရပါတယ်။ ကလေးတိုင်းကို ပုံစံတစ်မျိုးထဲနဲ့
ဆုံးမလို့မရပါဘူး။ အဲ့ဒီကလေးရဲ့ ပုံအောက်မှာ လူတစ်
ယောက်က Comment ပေးထားတယ်။ မျက်နှာလေး
တောင် မအုပ်ပေးတော့ဘူးလားတဲ့ (ကလေးအရှက်မရ
အောင်) အဲ့ဒါကို အချို့က ပြန်ပြောထားတယ်။ Facebook
ပေါ် မတင်လည်း တစ်နိုင်ငံလုံး သိနေတာပဲတဲ့။ ဆင်ကြီး
ကို မျက်နှာအုပ်ထားသလိုဖြစ်မှာပေါ့တဲ့။ အဲ့ဒါမှားပါတယ်။
ကျွန်တော့်လို အဲ့ဒီအစီအစဉ် မကြည့်တဲ့သူတွေ အများကြီး
ရှိပါတယ်။ တီဗွီကြည့်တတ်တဲ့ လူတွေနဲ့ အင်တာနက်အသုံး
များတဲ့သူတွေဟာ အတူတူတွေပဲမဟုတ်ပါဘူး။ အချို့က
တီဗွီကြည့်ပေမယ့် အချို့က တီဗွီကြည့်ချင်မှ ကြည့်ကြ
ပါတယ်။ ကလေးက သူ့ဘာသာ တီဗွီမှာ အရှက်ရပြီးသား
ကို Facebook တင်ပြီး လူတွေကို မကောင်းဝိုင်းပြော
ခိုင်းတာ ကူညီတဲ့ အပြုအမူ မဟုတ်ပါဘူး။

ကိုယ်ဝင်ဖြေလည်း ဆုရမှာ မဟုတ်မှန်းသိလို့ သွားလည်း
မဖြေပါဘူး။ ဖြေရဲရင် သွားဖြေကြပါ။ မဖြေနိုင်တဲ့ကလေး
ဝိုင်းပြောနေတာကြီးကတော့ မဖြစ်သင့်ဘူး ထင်ပါတယ်။
စာမဖတ်ကြတာကို အပြစ်ပြောတာထက် စာဖတ်အောင်
ဘယ်လို လုပ်ပေးရမလဲ (ခေတ်နဲ့ညီတဲ့ Strategyဖြင့်)
စဉ်းစားတာက ပိုပြီး Practical ကျတဲ့ Solution လို့
ထင်မိတယ်။

လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။

#မိုးရှင်း

👉10 to Million Myanmar | Ecency