USD and USDT for myanmar learning

moekyaw(33)
Published in
#esteem
Words
143
Reading
1 min
Listen
Play
9y

USD နဲ့ USDT မတူပါဘူးနော်
USDT ဆိုတာက USD ကိုတိုက်ရိုက်သုံးဖို့ခက်ခဲတဲ့အတွက် USDT ကိုတီထွင်ထားတာပါ။ Bitfinex Exchange ပိုင် Company ကပဲ တီထွင်ထားတာပါ။ Bitcoin Blockchain ပေါ်မှာပဲ Layer တခုအနေနဲ့ လည်ပတ်နေပါတယ်။ USDT အလွှဲအပြောင်းလုပ်ရင် Bitcoin ကို fee အနေနဲ့ပေးရပါတယ်။

USDT ထုတ်တဲ့ Company ရဲ့အဆိုအရ 1USDT = 1USD ဖြစ်အောင် Bank တွေမှာ တကယ်ထည့်ထားပါတယ်တဲ့။ သို့ပေမယ့် သူတို့ Website မှာတရားဝင်ပြောထားတာက USDT ကို USD နဲ့ပြန်လဲနိုင်မယ်လို့ လုံးဝ အာမခံမပေးပါဘူးတဲ့။
Bitcoin ဈေး 8000$ ကနေ 19000$ ထိထိုးတက်သွားတဲ့ လက်သည်တွေထဲမှာ USDT လဲပါနေတယ်လို့ USDT ကိုစောင့်ကြည့်နေတဲ့သူတွေရဲ့ အဆိုအရသိရပါတယ်။
USDT ကို company က လိုရင်လိုသလောက်ထုတ်နေတာကြောင့်ဖြစ်ပါတယ်။ လေထဲကနေ USDT တွေထုတ်ပြီး Bitfinex ပေါ်မှာ Bitcoin ဈေးကိုထိုးတက်အောင်လုပ်တယ်လို့လဲဆိုပါတယ်။
ဘာပဲဖြစ်ဖြစ်ပါ။ USDT ဟာ USD မဟုတ်ဘူးဆိုတာရယ်။ USD ကိုပြန်လဲနိုင်လိမ့်မယ်လို့ အာမခံမပေးထားဘူးဆိုတာ သိထားရပါမယ်။

Bittrex, Binance, Kucoin, Bitfinex တို့ပေါ်မှာရှိတဲ့ Crypto Pair တွေဟာ USDT နဲ့တွဲထားတာဖြစ်ပြီး။
Exmo, Livecoin တို့ကတော့ USD နဲ့တွဲထားတာဖြစ်ပါတယ်။

အကယ်လို့ ကိုယ့်က Crypto တွေကို ရောင်း
USDT ကိုင်ပြီး ဈေးအကျပြန်စောင့်နေတယ်ဆိုပါတော့
အဲ့ဒီအချိန် USDT တခုခုဖြစ်ခဲ့ရင် သင့်ကိုင်ထားတာ USD မဟုတ်လို့ ဆုံးရှုံးမှုဖြစ်ပေါ်နိုင်ပါတယ်။

exmo, livecoin တို့ပေါ်မှာကျတော့ USD ကိုင်ထားတာဖြစ်လို့ သူတို့ထောက်ပံပေးထားတဲ့နည်းလမ်းတွေနဲ့ USD ပြန်ထုတ်နိုင်ပါတယ်။

Myo Min Aung
20 Jan, 2018

Disclaimer
အထက်ပါရေးသားဖော်ပြချက်များသည် ငွေကြေးဆိုင်ရာအကြံပေးခြင်းမဟုတ်ပါ။ ဗဟုသုတအနေဖြင့်သာ ရေးသားခြင်းဖြစ်ပါသည်။
ဖော်ပြပါအချက်အလက်များကိုလိုက်ပါလုပ်ဆောင်ခြင်းကြောင့် ဖြစ်ပေါ်လာသော ငွေကြေးဆုံးရှုံးမှုသည် ကျွန်တော်နှင့်မသက်ဆိုင်ပါ။
မိမိတို့ချွေးနည်းစာငွေများကို မိမိတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် အသုံးပြုစေလိုသည်။ creatdit တော့ပေးပါတယ်
မူရင်းရေသူကို မမှတ်မီလို တောင်းပန်ပါတယ်IMG_20180329_075811.jpg

USD and USDT for myanmar learning | Ecency