Fire Splinter ၏ အားသာချက်များ
ရန်သူ့ရဲ့ Tank ကို ချိုးနှိမ်ထားခြင်း
နေရာစုံကို တိုက်ခိုက်နိုင်ခြင်း
Melee ကောင်များအား damage ပေါင်းထည့်ပေးနိုင်ခြင်း
Blasting စွမ်းရည်ရှိခြင်း
Fire Splinter ၏ အားနည်းချက်
Heal လုပ်နိုင်သည့် အကောင် မပါရှိခြင်း
Fire Splinter မှာ Tank လေးကောင်ပါရှိပါသည်။ လေးကောင် စလုံးကလဲ ရန်သူ့ရဲ့ အနီး၊အဝေး တိုက်ခိုက်မှုတွေကို ခုခံနိုင်ဖို့ ရည်ရွယ်ပြုလုပ်ထားပါတယ်။ အဓိက ဇာတ်လိုက်ကတော့ Pit Orge ဖြစ်လာဖို့များပြီး ရန်သူ့ရဲ့ Tank ကို မူးအောင်လုပ်ထားနိုင်ပါတယ်။ သူ့ကို ထိတဲ့ အချိန်မှာ damage တိုးလာပါတယ်။ နောက်ဆုံး Level မှာ void စွမ်းရည်ပါပေါင်းထည့်ထားတဲ့ အတွက် maigc ကိုလဲ ကြောက်စရာမလိုတော့ပါဘူး။ ပြီးတော့ Fire beetle ကလဲ ရန်သူ့ရဲ့ အဝေးပစ်နဲ့ magic ကောင်တွေကို အလွယ်တကူ ခြေမှုန်းပစ်နိုင်ပါတယ်။ Kobold miner ကလဲ ရန်သူ့ရဲ့ နောက်ဆုံးသူကို အလွယ် တကူ ခြေမှုန်းပစ်နိုင်ပါတယ်။ Fire demon ရဲ့ Blast နိုင်တဲ့ စွမ်းရည်ကလဲ ရန်သူနှစ်ယောက်ကို တစ်ပြိုင်ထဲ ထိစေပါတယ်။
ပြောရမယ်ဆိုရင်တော့ fire splinter က အတော်ကို အားသာချက်တွေရှိနေပါတယ်။ ကျန်တဲ့ splinter တွေအနေနဲ့ မျှော်လင့်နိုင်တာကတော့ စည်းကမ်းတွေ အပြောင်းအလဲ ဖြစ်တဲ့အချိန်မှာ အနိုင်ကစားနိုင်တာပါပဲ။
သူ့ရဲ့ အဓိက ရည်ရွယ်ချက်တော့ ရန်သူ့ရဲ့ Tank ကို တားထားပြီးတော့ ရန်သူ့ရဲ့ နောက်ပိုင်းကို ဖြိုတာပါ။ Pit orge ပါလာတာနဲ့ ရန်သူ့ရဲ့ Tank က သုံးလို့မရပါဘူး။ Heal ပါတဲ့ အကောင်တွေဖြစ်ရင်တောင်မှာ သူတို့ရဲ့ heal တွေက အသုံးမဝင်တော့ပါဘူး။ အဲ့ဒိအတွက် ရှောင်နိုင်တဲ့ အကောင်တွေကိုပဲ ရွေးချယ်ရတော့မှာပါ။ ပြီးရင်တော့ နောက်ကအကောင်တွေကို သွေးများများ၊ damage များများရှိဖို့ ရွေးချယ်ရမှာပါ။
Elemental phoenix ဆိုရင် flying နဲ့ dodge နိုင်တဲ့ စွမ်းရည်ပါဝင်နေပြီးတော့ magic reflect နိုင်တဲ့ စွမ်းရည်လဲ ပါဝင်ပါတယ်။ ပြီးတော့ magical damage ကို blast လုပ်နိုင်ပါတယ်။ သူနဲ့ fire demon နဲ့ပေါင်းလိုက်ရင် ရှေ့က ရန်သူ့ မွန်းစတား နှစ်ကောင်ကို ဒုက္ခတွေ့စေမှာဖြစ်ပါတယ်။ သူ့ကို နှိုင်နိုင်တဲ့ အကောင် သိပ်မရှိပါဘူး။ ဒါကြောင့်မို့လို့ fire splinter က လူကြိုက်အများဆုံးဖြစ်နေတာပါ။
Universal Basic Income
Promoting Service
Building Network
Join Discord: https://discord.gg/RSrv669
Posted from my blog with SteemPress : https://myanmarpress.xopus.io/?p=562