Another miserable day of NC

Words
95
Reading
1 min
7y
Listen to this post
~1 min

fw8tkbqmc6.png
Image is taken from https://spycolony.herokuapp.com/delay.html

ဒီနေ့ အဖို့တော့ ဂိမ်းကစားလို့ ရမယ် မထင်တော့ပါဘူး။ ဒါပေမဲ့ ကိုယ်လုပ်ချင်တာတွေ လုပ်ပြီးပြီ ဆိုတော့လဲ သိပ်တော့လဲ ကိစ္စ မရှိလှပါဘူး။ ဒါကတော့ blockchain ရဲ့ ပြဿနာ တစ်ခုပါပဲ။ Custom json ကို ဂိမ်းကနေ မဟုတ်ပဲနဲ့ အခြားနေရာ တစ်ခုကနေ ပို့လို့ ရနေတာက ပြဿနာပါ။ အခု ပြဿနာက ဂိမ်းကနေပြီးတော့ custom json ကို ဖတ်လို့ မရတော့ပါဘူး။ တစ်နေရာမှာ ထစ်နေပါတယ်။ ဒါပေမဲ့ block chain ပေါ်မှာတော့ custom json တွေက ထပ်ပြီးတော့ တိုးလာနေပါတယ်။ NC ကနေ custom josn တွေ ပို့လို့ ရနေသလို အခြားနေရာတွေကနေလဲ ပို့လို့ ရနေပါတယ်။ အခိျု့တွေကတော့ ကိုယ့်ရဲ့ custom json တွေ block chain ကို ရောက်သွားတာကို မသိပဲနဲ့ ထပ်ခါ ထပ်ခါ ပို့ဖို့ ကြိုးစားနေပါတယ်။ အခိျု့တွေကလဲ bot တွေကို သုံးတဲ့အတွက် NC က မဖတ်နိုင်ဘူး ဆိုပေမဲ့ သူတို့က အပို့ မပျက်ပါဘူး။ ဒီအတွက် ကြောင့် ဂိမ်းက နှေးပြီး ရင်းနှေးနေပါတော့တယ်။ ဒီပြဿနာကို မြန်မြန် ဖြေရှင်းနိုင်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။

Another miserable day of NC | Ecency