ချစ်နေတုန်းဘဲ

mm7(63)
Published in
#writing
Words
58
Reading
1 min
Listen
Play
9y

U5dtGbuKr65u2oUuGUk1QNAJnKq9pEC_1680x8400.jpg
မင်းမုန်းသွားလဲ ငါချစ်မယ်မိန်းကလေး
အချစ်ဆိုတာက မထူးခြားတဲ့ဇာတ်လမ်းပါ
မင်းအတွက်နဲ့ငါ အသက်ရှင်နေတာမဟုတ်ဘူး
ဒါပေမယ့်မင်းကိုငါချစ်တယ် ဒါတော့အမှန်ဘဲပေါ့
မင်းကမုန်းနေတာမဟုတ်ဘူးဆိုတာလဲသိတယ်
ငါ့အချစ်ကမင်းအတွက် ဖီလင်မလာတာလဲသိတယ်
မင်းအတွက်တော့ငါက ဘာမှမဟုတ်တဲ့ဖွဲ
ငါ့အတွက်တော့မင်းက အသေရရအရှင်ရရ
ရယူပိုင်ဆိုင်ချင်ခဲ့တာပေါ့ မင်းမှမချစ်တ်ာလေ
သိပ်လဲ စိတ်မကောင်းမဖြစ်နဲ့ အချစ်အတွက်ငါ
ဘ၀ပျက်မသွားဘူး ချစ်နေတာဘဲသိစေချင်တာ
မင်းအတွက်တော့ ဘာမှလုပ်မပေးနိုင်တော့ဘူး
မင်းက ထွက်လို့သွားတဲ့ရထားတစ်စီးလိုပါဘဲ
မျှော်ငေးနေသူငါ့အတွက်တော့ ဟာတာတာ ရင်မှာကျန်နေခဲ့
ရတယ်လေ အော် အချစ်မှမရှိတော့တာ လွမ်းတာပေါ့
ဘာလဲ လွမ်းနေတယ်ဆိုလို့ မင်းမကျေနပ်သေးဘူးလား
ဒါတော့ငါလဲ မတားဆီးနိုင်ဘူးလေ
ငါ့နှလုံးသားကိုငါမညာချင်ဘူး မင်းကိုတော့ချစ်နေတုန်းဘဲ
လိုက်လာမယ်လို့တော့မထင်ပါနဲ့ ဘယ်တော့မှ သူတစ်ပါး
နမ်းပြီးသားပန်း ကောက်မယူတက်ဘူး
ချစ်တော့ချစ်တယ် ဒါပေမယ့်မာနလေးတော့ရှိတယ်လေ
ငါ့အတွက် ဒုတိယလူလို့ စာရင်းပေးခိုင်းနေတာလား
သွားလိုက်ပါမိန်းကလေးရေ မင်းကိုငါ လက်ခံဖို့
အခွင့်မပေးလိုက်ပါဘူး။ ချစ်တော့ချစ်နေတုန်းဘဲ

mm7@mm7
photo-google image

ချစ်နေတုန်းဘဲ | Ecency