တစ်ရက်နည်းနည်းချင်းဖဲ့ယူ
တစ်၇က်နည်းနည်းရတာကတော့ စတီးမစ်ရဲ့ ရိုးရာတစ်ခုလိုဖြစ်နေပါတယ် စတင်းမွန်းစတားမှာလည်း နည်းနည်းချင်း စိတ်ရှည်လက်ရှည် စောင့်ယူနိုင်ရင် အကျိုးရှိပါတယ် ဘာမှမရဘဲ မလုပ်တက်မကိုင်တက် ဖြစ်နေတာထက်စာရင်တော့ အများကြီး သာတယ်လို့ စိတ်ဖြေနိုင်ပါတယ် ဟိုတုန်းက အဲ့သလို နည်းနည်းချင်းရမှာကိုတောင် စိတ်ကူးယဉ်ခဲ့ရတာပါ သူများရတာလေးတွေ ကြည့်ပြီး သွားရည်ကျခဲ့ရတဲ့ အချိန်တွေ မမေ့သေးပါဘူး အခုမှ အရနည်းတယ်တဆိုပြီး မလုပ်တော့ပါဘူး မဖြစ်ချင်ပါဘူး ဟိုတုန်းက ခက်ခဲတာတွေက အခုအလွယ်တကူဖြစ်နေပါပြီ တစ်ရက်နည်းနည်းရတာလေးတွေ စုပြီး အင်အား ပြည့်ဖြိုးလာအောင် စိတ်ရှည်ရှည် တည်ဆောက်ရမှာပါ အင်အားကောင်းလာတာနဲ့ အရှိန်လည်း ကောင်းလာမှာဖြစ်ပါတယ်
ဒါကြောင့် အခု စတင်းမွန်းစတားကို အမြတ်ယူတဲ့ကာလအဖြစ်သက်မှတ်ပြီး ရသလောက် နည်းနည်းချင်းကဲ့ပြီး ယူနေပါတယ် နည်းတာတော့ တော်တော် နည်းပါတယ် နည်းပါစေ မရတာထက် စာရင် များနေပါသေးတယ်
နောက်ပိုင်းကိုလည်း အခုလို စုဆောင်းတာတွေ လုပ်ရပါဦးမယ်
ဘာကြောင့် အခုလို နည်းတာကိုတောင် စောင့်ယူနေသလဲဆိုတာကို ကိုယ့် အခြေအနေကိုယ် သိပါတယ် ဟိုတုန်းက ဖြစ်ချင်ခဲ့တာတွေက အခုဖြစ်နေပါပြီ အဲ့သလိုဖြစ်အောင်လည်း အခုလိုဘဲ နည်းနည်းချင်း စုပြီး တိုးတက်အောင် လုပ်လာတာပါ ဒါက အသချောဆုံးနဲ့ ခရီးတွင်တဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာကို ကိုယ်တိုင်သာ အသိဆုံးပါဘဲ
ရတဲ့ လမ်းကြောင်းတွေ အကုန်လုပ်ပါတယ် ဘယ်လောက်နည်းပါစေ အကုန်လုပ်မှာပါ ဒါကတော့ ရိုးရှင်းသော လုပ်ဆောင်မှုဖြစ်သလို အထိရောက်ဆုံး လုပ်ရပ်လည်းဖြစ်တယ်လို့ ယုံကြည်ပါတယ်
Photo Credit: https://steemmonsters.com/#
Author: @mm7