တစ်ထောင်ကျော်အောင်တင်တဲ့

mm7(63)
Published in
#esteem
Words
104
Reading
1 min
Listen
Play
8y

Screenshot_2018-12-12-13-05-41.png
ဂိမ်းကစားရတာလည်း တဖြည်းဖြည်းနဲ့ ခက်ခဲလာသလားဘဲ အရင်တုန်းက ကစားရတာ တော်တော်ကောင်းတယ်
အခုက ဘယ်လိုလဲမသိဘူး သိပ်အားမလို အားမရဖြစ်တယ် ဘာကောင်တွေ ပေးလို့ ပေးနေမှန်းလဲမသိဘူး
အရင်တုန်းက ပေးတဲ့အကောင်တွေ မပေးတော့ပြန်ဘူး အကောင်အသစ်တွေ ပေးနေတယ်
သူပေးတာတွေကလည်း လက်ရှိသုံးလို့ အဆင်မပြေဘူး အရင်ကပေးတဲ့အကောင်တွေပိုကြိုက်တယ်
အခုဆိုရောင်းစားလို့ရတဲ့အကောင်မပြောနဲ့ အသုံးပြုလို့ ကောင်းတဲ့အကောင်တွေတောင် မရတော့လို့လေ
သိပ်တော့ နားမလည်ပါဘူး နားလည်သလောက် တွေးကြည့်တာပါ
အခုရတာကလည်း တစ်ရက် တစ်ကောင်တည်းဘဲရတယ် သူများတွေက တစ်ရက်ငါးကောင်တောင် ရတယ်
ဘာကွာလဲမသိလို့ မေးကြည့်တာ ဖလားနည်းလို့တဲ့ ကိုယ်မှမသိတာ ခံရတာပေါ့
ဖလားတင်ပြီး ဆော့ကြည့်တော့ ခဏခဏ ရှုံးနေတယ် တစ်ရက်ငါးပွဲ ကစားတာတောင် မလွယ်ဘူး
ဖလားတင်ရင်ဒီထက်ပိုခက်လာမှာပေါ့ ဂိမ်းကစားရတာတော့ ကောင်းပါတယ် လိုချင်တာတွေမရတာတော့
မကောင်းဘူး အဆင်ပြေတဲ့ နေ့ဆို ငါးပွဲ အနိုင်ကစားတာက ခဏလေး အဆင်မပြေတဲ့ နေ့ဆိုရင်တော့
တစ်နေကုန်တိုက်တာတောင် အနိုင်ငါးပွဲ မရဘူး ရှိတဲ့ဖလားတွေဘဲ ကုန်သွားတယ်
သိပ်မကစားတက်တာလည်း ဖြစ်မယ်ထင်တယ် သူများတွေလို အများကြိးနားမလည်ပါဘူး သူများဆော့လို့
လိုက်ဆော့တာပါဘဲ အနိုင်ရတဲ့နေ့ အကောင်ကြိးတွေရတဲ့နေ့ဆို ပျော်တယ်လေ
အခုဖလား တင်ခိုင်းနေကြတယ် တစ်ထောင်ကျော်အောင်တင်တဲ့ ဘယ်လိုမှ တင်လို့မရဘူး မရောက်နိုင်ဘူး
ဖလားတစ်ထောင်ကျော်ရင် အကောင်ပိုရတယ်လို့တော့ ပြောတာဘဲ ဖလားမျးလေ အကောင်များလေတဲ့
ဒါဆို ဟိုးအပေါ်ဆုံးက လူတွေက နေ့တိုင်း အကောင်အများကြီးရကြတာပေါ့
ဒီဂိမ်းလည်း မထူးပါဘူး အထက်ပိုင်းကောင်းစားရေး စနစ်ကြိးလို ဖြစ်နေတယ် အခုမှ စကစားတဲ့သူက သေရောပေါ့

Photo Credit : https://steemmonsters.com/#
Author : mm7@mm7

တစ်ထောင်ကျော်အောင်တင်တဲ့ | Ecency