သတိရမိပါသောစတီးမစ်

mm7(63)
Published in
#esteem
Words
74
Reading
1 min
Listen
Play
7y

5buxyr.jpg
https://www.pexels.com/photo/family-decorating-their-christmas-tree-3303614/

စတီးမစ်ကြီးနဲ့ ဝေးကွာခဲ့တာတော့ အချိန်များစွာ ကြာသွားခဲ့ပါလေသည်
ဘယ်လောက်တောင် မေ့သလဲဆိုရင်တော့ စတီးမစ်ကို ဖွင့်မကြည့်ဖြစ်ခဲ့တဲ့အထိဖြစ်တော့သည်
ဘာကြောင့်လဲ မေးရင်တော့ စတင်းဈေးကြောင့်လို့ ပြောရမလိုဖြစ်နေသည်
ဟုတ်လေသည် စတင်းဈေး ခုချိန်မှာ ဘာမှမတန်တော့သလိုဖြစ်သည်
စတင်းရှာရတာလည်း မလွယ်တော့သလို ရစရာ နေရာလည်း မရှိတော့ပါ
နောက်များမကြာခင် စတင်းဈေးတက်မယ်လို့ မျှော်ခဲ့ဖူးပါသည်။
ိထိုအရာသည် ဘယ်တော့များဖြစ်လာမည်မသိပါ
ကိုယ်မလုပ်တာက ကိုယ့်အပြစ်မှန်ပါသည်။ ကိုယ်ကလုပ်ပြီး တစ်စုံတစ်ရာ အကျိုးမရှိတာတော့
ဘယ်သူ့ အပြစ်ပုံရမည်မသိပါ
အခုနောက်ပိုင်းတော့ ပြန်ပြီး လက်တည့်စမ်းချင်လာမိသည်။
အရင်လို ပြန်ရှင်သန်ချင်လာမိသည်။ ဘာမှမတန်တော့သည့် စတင်းကို ပြန်ပြီး ယုံကြည်ချင်မိသေးသည်
စာပြန်ရေးမည် စိတ်ကူးသည် ဘယ်တော့လောက် ပြန်စမည်နည်း အခုပြန်စမှ ရမည်
နေ့ရွှေ့ ညရွှေ့နှင့် စတင်းနှင့် ဝေးကွာလာသည်မှာ ကြာခဲ့ပြီ
ဒါကြောင့် သတိတရ စာပြန်ရေးမိသည်။
စတင်းဈေး နောက်တစ်ခါ ခေါင်းပြန်ထောင်လာလေမည်လား မသိပါ မသိသော်လည်း
လုပ်ကြည့်ပါဦးမည် စတင်းရဲ့ အတိတ်ကို လွမ်းမိသည်။
ပျော်စရာတွေ မျှော်လင့်ချက်တွေနဲ့ ပြည့်နျက်ခဲ့ဖူးပါသည်။
စတင်းအတွက် အချိန် အနည်းငယ်တော့ ပြန်ပေးပါဦးမည်
ကြိုးစားကြည့်ပါဦးမည်
mm7@mm7

သတိရမိပါသောစတီးမစ် | Ecency