တော်ပါတော့ဟ

mm7(63)
Published in
#ecency
Words
110
Reading
1 min
Listen
Play
5y

coronavirus_4817450_640.jpg
https://pixabay.com/illustrations/coronavirus-virus-mask-stamp-china-4817450/
သီတင်းတွေက အမျိုးမျိုးပါဘဲ ဖြစ်နေတာတွေကိုလည်း သိစေတယ် ဖြစ်လာမယ့်အရာတွေကိုလည်း တင်ကြို သိစေတယ် ဒါကတော့ခန့်မှန်းချက်ပေါ့ ပညာရှင်တွေ သုတေသီတွေက တင်ကြို ဟောကိန်းထုတ်တာတွေ လုပ်လေ့ရှိပါတယ်
အခုဖြစ်ပွားနေတဲ့ ကိုဘစ်ကိုလည်း တင်ကြို ဟောကိန်းထုတ်ခဲ့ဘူးတယ်လို့ဆိုပါတယ် ကိုယ်တော့ မသိလိုက်ပါဘူး အခုမှ သူတို့ ပြောလို့သိရတာ အဲ့သလို တင်ကြိုသိနေတာတောင် ပြင်ဆင်မှုတွေ မလုပ်နိုင်ခဲ့ပါဘူး ဟောကိန်းဆိုတာကလည်း ဖြစ်နိုင်ချေ ဖြစ်တန်စွမ်းကို အခြေခံပြောတာဖြစ်လို့ ဖြစ်ချင်မှလည်းဖြစ်လိမ့်မယ် ဖြစ်ချင်လည်းဖြစ်မယ် မသေချာဘူးဆိုတော့လည်း သတိပြု ဂရုစိုက်သူတွေနည်းပါးတာလည်းဖြစ်ပါမယ်
အခုဆိုရင် ရောဂါတွေက ကြောက်စရာကောင်းအောင်ကို ကူးစက်နုန်း မြင့်မားနေတယ်လေ သေတဲ့သူကလည်း နေ့စဉ် မြင့်တက်နေတယ် ရောဂါပြင်းပြင်းထန်ထန်ခံစားနေရသူတွေလည်း များလာနေတယ် တစ်နေ့တခြား များလာလို့ အောက်ဆီဂျင် မလုံလောက်တာတွေလည်း ကြားနေရတယ်
ဈေးကွက်ထဲမှာ အောက်ဆီဂျင်လိုအပ်ချက်က များလာနေတော့ ဈေးကစားသူတွေလည်းရှိလာနေတယ်လို့သိရတယ် ဒါက မကောင်းပါဘူး ကျန်တာ ဈေးကစားတာက နားလည်လို့ရတယ် အသက်နဲ့ဆိုင်တဲ့ အရာကို ဈေးကစားပြီး စီးပွားမရှာသင့်ဘူးထင်ပါတယ် အခုဆိုရင် မူလဈေးထက် ဈေးက သုံးဆလောက်များနေပြီ လိုချင်တိုင်းတောင် ဝယ်မရဘူးဖြစ်နေတယ်
နောက်မကြာခင် ငါးနှစ် ဆယ်နှစ်အတွင်းမှာကိုဘဲ ကူးစက်ရောဂါကြီးကြီးမားမား နောက်တစ်ခုလာနိုင်တယ်လို့ ပြောနေကြတယ် အခုရင်ဆိုင်နေရတဲ့ ကိုရိုနာ ကိုဘစ်ထက် ပိုပြင်းထန်မယ်တဲ့ စိတ်တောင် လေပါတယ် သတင်းတွေနားထောင်ပြီး လူတောင် ရူးချင်လာတယ်
အခုရင်ဆိုင်နေရတဲ့ ကိုဘစ်တောင် ဘယ်နားသွားပုန်းပြီးရှောင်ရမလဲ ဒီရောဂါနဲ့ အသက်မပါသွားအောင် ဆုတောင်းနေရ ဆင်ခြင်နေရတဲ့ ကြားထဲ ဒါတောင်မပီးနိုင်သေးဘူး နောက်တစ်မျိုးရောဂါလာမယ်ဆိုတော့ အင်း......... အသက်ရှင်သန်ဖို့က အတော်ကို မလွယ်တဲ့အရာပါလား လို့တောင် တွေးမိလာတယ်
လူဖြစ်ရတာလည်း မလွယ်ပါဘူးဗျာ ဟိုဟာကြောက်ရ ဒီဟာကြောက်ရနဲ့ စိတ်ချမ်းသာ ကိုယ်ကျန်းမာ နေရတဲ့ အချိန်လေးက မရှိသလောက်ပါဘဲ
mm7@mm7

တော်ပါတော့ဟ | Ecency