စတင်းမွန်းစတားကအကောင်းဆုံး
ကျွန်တော်တို့ ဂိမ်းတွေ အကုန် ကစားခဲ့ကြတယ် အများကြီးတော့ မဟုတ်ပေမယ့် ထွက်လာသမျှ ဂိမ်းကစားခဲ့တယ် အခုဆိုရင် နာမည်ရသော လူသိများသော လူတွေ ကစားကြသော စတီးမစ်ဂိမ်း သုံးခု ရှိနေပြီ သုံးခုလုံးက လည်ပါတ်လျှက်ရှိတယ်
အရှေ့ဆုံးကထွက်လာတဲ့ ဂိမ်းကတော့ အားလုံးသိတဲ့ အားလုံးအကျိုးအမြတ်ရသော စတင်းမွန်းစတား ဂိမ်းပါ အဲ့ ဒီဂိမ်းကကစားရင် စစချင်း ဆယ်ဒေါ်လာပေးရတယ် နောက်ပိုင်း ဘာမှ မကုန်တော့ဘူး တကယ်လည်း မကုန်ခဲ့ဘူး သူက နေ့တိုင်းပေးတဲ့ ကဒ်တွေဘဲ စုပြီး လေဗယ်တင်ကြတာပါ အိပ်ထဲက စိုက်ထုတ်ရင်းရတာ မရှိခဲ့ဘူး သူပေးတဲ့ ကဒ်တွေ ရောင်းစားပြီး စတင်းတွေ အမြောက်အများရခဲ့တယ် နောက်ဆုံး မကစားတော့ပါဘူး ဆိုပြီး ရှိပြီးသား ကစားလက်စ ကဒ်တွေ ဖြုတ်ရောင်းပြန်တော့လည်း ဒေါ်လာ ရာချီပြီး ရခဲ့တယ် အခု နောက်ဆုံးထွက်နေတဲ့ ဂိမ်းတွေ တောင် အဲ့လောက် အကျိုးအမြတ်မရခဲ့ဘူး အခုထိလည်း စတင်းမွန်းစတား ဂိမ်းက ပေးနေတုန်းဘဲ ကဒ်ကောင်းကောင်းလေးတွေ ရတဲ့သူတွေ ရှိနေတုန်းဘဲ
နောက်လည်း သူက ပေးနေဦးမှာဘဲ ကိုယ်ပိုင်တာကို နောက်ဆုံး ရောင်းစားလို့ရတယ် ရင်းတဲ့သူလည်း ဘယ်တော့မှ မရှုံးဘူး အခုထွက်နေတဲ့ ဂိမ်းတွေက မကစားတော့ဘူးဆိုရင် ရောင်းလို့ရလား မရပါဘူး ဒီအတိုင်း ပြစ်ထားလိုက်ရတာပါဘဲ ဒါကြောင့် ရှေ့ဆုံးက ထွက်ခဲ့တဲ့ စတင်းမွန်းစတား ဂိမ်းက အကောင်းဆု့းလို့ ပြောတာပါ ကုန်ခဲ့တာက ဆယ်ဒေါ်လာတည်းရယ် ပါ အခုထွက်နေတဲ့ ဂိမ်းတွေက ကုန်လိုက်တဲ့ စတင်းတွေ သောက်သောက်လဲ ဘာမှလည်း ပြန်မရသလိုပါဘဲ ရတယ်ဆိုတာကလည်း တကယ်တော့ မျက်လှည့်လိုပါဘဲ ကိုယ့်ငွေကိုယ် ပြန်ရနေတာပါ မလွယ်ပါဘူး စတင်းမွန်းစတားက အကောင်းဆုံးပါဘဲ ရတာ အကုန်အမြတ်ချည့်ဘဲ သူ့ကို ပြန်ကစားရတော့မလား
Photo Credit : https://steemmonsters.com/#
Author : @mm7