ဟိုတုန်းကပေါ့ အသည်းတွေကွဲတာကို ပြန်သတိရတယ် အသည်းတွေပိုးစိုးပါတ်စက်ကိုကွဲတာ အတူတကွ ရည်မှန်းထားတဲ့ အနာဂါတ်လေးကို ဖျက်ဆီးခံလိုက်ရတဲ့အချိန် ရင်မှာ ဘယ်လိုမှ မခံစားနိုင်ဘူးလေ သစ္စာဖောက်မှုတွေကြားမှာ ပျောက်ခြင်းမလှ ပျောက်ပျက်သွားခဲ့တာ ငါတို့ရဲ့ နှစ်ယောက်အတူ အနာဂတ်တွေကော အိပ်မက်တွေကော ရည်မှန်းချက်တွေကော အစစအရာရာ ပြိုကျပျက်စီးသွားတဲ့အထိ ဟောဒီရင်ဘက်ကြီးက အသည်းတွေ ကွဲခဲ့ရတာပါဘဲ အသဲကွဲဖူးရင် တစ်ဆင့်မြင့်ရာထူးရသွားတာလို့တော့ ဆရာကြီးတွေက ပြောတာဘဲ ကိုယ်တော့အဲ့လို မထင်ပါဘူး
ပြန်တွေးရင်တော့ ရယ်စရာပါ အသဲကွဲတော့ ထမင်းတွေဘာတွေလည်း မစားနိုင်ဘူး
တစ်နေ့လုံးတညလုံး ဝမ်းနည်းတစ်ဆို့ပြီး မှိုင်တွေနေတော့တာ မျက်ဝန်းက မျက်ရည်ဆို့
တယ်ဆိုတာ ငိုတာလည်းမဟုတ်သလို အရှုံးပေးလိုက်ရလို့ ဝမ်းနည်းတာလညး်မဟုတ်ဘူး အာမှန်းကိုမသိဘဲ မျက်ရည်တောင်စို့လို့ပါ အတွေးနုနယ်သလို နှလုံးသားတွေလည်းနု
နယ်သေးတော့ ဘာမှန်းကို မသိတာပါ
အလုပ်တွေလည်း စိတ်မဝင်စားသလို အနားက လူတွေကိုလည်း ဂရုမစိုက်တော့ဘူး
တဖြည်းဖြည်းနဲ့ လူက ဂေါက်လာသလိုကို အသိလွတ်သွားရတာ
ပြန်လည်တည်ငြိမ်ဖို့ အချိန်လိုတယ်ဆိုပြီး သူငယ်ချင်း တစ်ယောက်က အရက်တွေ တိုက်တာဘဲ ကိုယ်ကလည်း သောက်တာဘဲ သောက်တော့ မူးတယ်ပေါ့
မူးတဲ့အခါ ပိုပြီး ဝမ်းနည်းလာပြန်ရော မင်းဟာက မဟုတ်သေးပါဘူးကွာ ပိုတောင်ဆိုးလာတယ် ဆိုပြီး လက်သီးနဲ့ ထထိုးတာတောင် ခံလိုက်ရသေးတယ်
ဘေးက သူငယ်ချင်းက မခံချင်စိတ်တွေ ဖြစ်လာပြီး ဒေါကန်လာတာကိုး သူထိုးလည်း ထိုးချင်စရာဘဲ ကိုယ်က ရုပ်ပျက်လောက်အောင်ကို အသည်းကွဲပြစ်တာ
အဲ့သလိုနဲ့ နှစ်ပါတ်လောက် အသည်းကွဲပြစ်လိုက်တာ လူလည်း စုတ်ပြတ်သက်သွားတာဘဲ စိတ်တွေ စုတ်ပြတ်သတ်မသွားတာကိုတော့ ကျေးဇူးတင်ရမယ် ဘေးကသူငယ်ချင်းကောင်းလို့ပေါ့
တည်ငြိမ်ရမယ့်အချိန်ရောက်တော့လည်း အလိုလိုနေရင်း နေသားတကျပြန်ဖြစ်လာတာပါဘဲ ဆရာကြိးတွေပြောတဲ့ အသဲကွဲဖူးပြီးရင် တစ်ဆင့်မြင့်ရာထူးတိုးတယ်ဆိုတာ ဟုတ်ပါလေရော
နှစ်လလောက်နေတော့ ရည်းစားတွေ တစ်ယောက်ပြီး တစ်ယောက် လျှောက်ထားတော့တာ အချိန်အားတောင် မရှိတဲ့အထိ ပါတ်မွှေတော့တာပါဘဲ ကျားနာဆိုတာ ကြောက်ရတယ်လို့ တီးတိုး ပြောသံလေးတွေ ကြားရပြန်ရော
ကိုယ်လည်း ကျားနာကြီးကို ဖြစ်မှန်းမသိဖြစ်တော့တာပါဘဲ
အငိုမျက်လုံး တွေကို အပြုံးမျက်နှာနဲ့ ဟန်ဆောင် ဖုန်းကွယ်ရင်း မသိစိတ်တွေကပါ သံယောင်လိုက်လို့ အပျော်တွေကို ခုံမင်လာတော့တာဘဲ ကိုယ့်ဝေဒနာတွေကို သူများအတွက် ဝေဒနာတွေ ဖန်တီးပေးရင်း ဖြေဖျောက်တာက တကယ်မကောင်းပါဘူး
ဒါလည်း တစ်ချိန်မှာတော့ တည်ငြိမ်သွားရတာပါဘဲ
ငယ်ဘဝက ပြန်တွေးရင် လွမ်းမောဖွယ်ရာတွေချည့်ပါဘဲ နာကျင်တဲ့အတိတ်ကိုတော့ အခုထိ မေ့မရသေးဘူး တွေးမိလေတိုင်း ဒေါကန်တာဘဲ
This content got low rating by people.