မှန်မှန်လေးသွားနေတယ်

mm7(63)
Published in
#esteem
Words
97
Reading
1 min
Listen
Play
8y

c2.jpg

ရှိတာ ရတာလေးတွေနဲ့ ဖြေးဖြေး မှန်မှန်လေးဆော့နေတယ် သူများတွေတော့ အားကျတယ်
ဝယ်ပြီး စစ်သားအားကောင်းအောင် လုပ်ကြတာလေ သူတို့ကတော့ တက်နိုင်သူများဖြစ်လို့
အပေါ်ကို မြန်မြန်ရောက်တာတွေ့ရတယ် ကိုယ်တိုင်က ငွေမတက်နိုင်တော့ ရှိတာလေးနဲ့ဘဲ
ဖြစ်အောင် ကစားနေလိုက်တာပါဘဲ မတက်နိုင်ဘူးလေ ရမလားလို့ ဆော့နေတာ ထပ်ပြီး ငွေကုန်
ရအောင်တော့ မလုပ်ချင်တော့ဘူး အထက်မရောက်လည်း ကျေနပ်ပါတယ်
နေ့တိုင်း ရနေတာက နည်းပေမယ့် အဲ့ထဲမှာ ကောင်းတာလေးတွေ ပါလာမှာပေါ့ ကောင်းတာလေးတွေ
ပါလာရင်လည်း ရောင်းစားမယ် စိတ်ကူးတာဘဲ နောက်ပိုင်းဖြစ်သလို ဘဲ တိုက်မယ်လေ
အခုချိန်ဆို ဒေါ်လာ နှစ်ဆယ်တန် အကောင်တစ်ကောင်လောက်ရရင် စတင်းတွေ အများကြီးရမှာ
စတင်းတွေက နောက်ဆိုရင် ဈေးတက်လာမှာ စာရေးပြီး စုတာက တစ်လနေလို့ စတင်း နှစ်ဆယ်ရဖို့မလွယ်ဘူး
ဒီဂိမ်းက အကောင် ကောင်းကောင်းလေး ရလာရင် ရောင်းစားလိုက်တာနဲ့ စတင်း လေးငါးဆယ်က အသာလေးဘဲ
ရတဲ့သူတွေ ရကြတာတွေ့တော့ အားကျလိုက်တာ ကိုယ်လည်း အလှည့်ရောက်လို့လာမှာပါ
ကိုယ့်ွှလှည့် မရောက်သေးပေမယ့် စိတ်မပျက်ပါဘူး တစ်နေ့နေ့တော့ရလာမှာပါဘဲ
ရတာနဲ့ တန်း ရောင်းပြစ်မယ် ကြိမ်းနေလို့လား မသိဘူး ခုထိကောင်းတဲ့ အကောင်မရသေးဘူး
ဂိမ်းကလည်း တဖြည်းဖြည်း ခက်လာသလိုဘဲ အရင်တုန်းက အခုချိန်ဆို ဖလား အများကြီးရနေပြီ ကိုယ်တွေက အခုမှ
ဖလား နည်းနည်းဘဲရသေးတယ် ကြိုးစားဖို့တော့လိုသေးတာ ဖြစ်ပါလိမ့်မယ်

Photo Credit : https://steemmonsters.com/#
Author : mm7@mm7

မှန်မှန်လေးသွားနေတယ် | Ecency