ကစားနေတာတော့ကြာပြီ

mm7(63)
Published in
#ecency
Words
89
Reading
1 min
Listen
Play
5y

mm7.jpg
link

splinterlands ဂိမ်းကိုကစားနေတာတော့ ကြာပြီ သို့သော် အခုချိန်ထိ ဂိမ်းရဲ့အကြောင်းကို သေချာ ကောင်းကောင်း မသိသေးပါဘူး ကစားတဲ့အခါမှာ ကိုယ်နားလည်သလို ကစားနေတာထက်စာရင် ဂိမ်းအကြောင်းကို သေချာသိပြီး နည်းစနစ်ကျကျ ကစားတာက ပိုပြီးအကျိုးရှိမယ်ထင်တယ်
အခုလို ဂိမ်းက အကျိုးအမြတ်တွေပေးတဲ့အချိန်မှာ သေချာမကစားခဲ့တော့ အကျိုးအမြတ် များများ မရတာတွေဖြစ်လာတယ်
အခုမှသိတာတော့ ဂိမ်းထဲက ဟီးရိုးတွေကို စုထားရင် အခုချိန် ထုတ်ရောင်းရင် အမြတ်အများကြီးရမှာပါ
အရင်တုန်းက ရသမျှတွေကို မရောင်းဘဲစုထားခဲ့ရမယ်လို့ ထင်မထားမိဘူး ရတာနဲ့တန်းရောင်းဆိုတော့ အခုလို ဈေးတွေတက်တဲ့အချိန်ကျ ရောင်းစရာက မရှိတော့ဘူး
ပါဝါတွေကို မြှင့်ပြီးကစားရင် ပိုမို အဆင်ပြေနိုင်တယ် ပါဝါများလေ ကစားလို့ကောင်းလေဘဲ
ဖလားတွေများများရလေ ဆုကြေးတွေလည်း များများရလေဘဲ
ဟီးရိုးကောင်းကောင်းတွေကို လေဗယ် တင်ကစားနိုင်ရင်တော့ ဖလားများများရနိုင်တယ်
အခုက ဈေးတွေ တက်နေတော့ ဟီးရိုးတွေကို လေဗယ်မြင့်ဖို့ သိပ်ခက်သွားပြီ
ကစားလို့တော့ ရနေပါသေးတယ်
အထက်ပိုင်းကို တက်ဖို့မလွယ်တော့တာတစ်ခုပါဘဲ
နေ့စဉ်ကါဒ်တွေကိုတော့ ယူဖြစ်ပါတယ် တစ်ရက်မှ တစ်ကါဒ်တည်းရတာဆိုတာ့လည်း ကစားရတာ အားတော့ သိပ်မရှိပါဘူး
ဂိမ်းထဲကို ထည့်ထားတဲ့ အရင်းတန်ဖိုးက ဆယ်ဒေါ်လာပါဘဲ နောက်ထပ်လည်း ဝယ်မထည့်ဖြစ်ပါဘူး ရလာတဲ့ကါဒ်ကောင်းတွေကို ရောင်းစားတာကလည်း ဒေါ်လာ တစ်ရာကျော်နေပါပြီ အမြတ်တော့ထွက်နေတယ်
ဆက်ပြီး ရလာမှာတွေကလည်း အမြတ်တွေပါဘဲ
နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ဆက်ကစားရပါဦးမယ်

mm7@mm7

ကစားနေတာတော့ကြာပြီ | Ecency