ဂိမ်းကစားနေပါတယ်

mm7(63)
Published in
#ecency
Words
69
Reading
1 min
Listen
Play
5y

mm7.jpg
LINK
အချိန်တွေအားနေတော့လည်း ဂိမ်းလေးတွေဘက် လှည့်ပြီး အချိန်ကုန်နေမိပါတယ်
ဂိမ်းကစားခြင်းကနေ ဝင်ငွေလေးများ ရမလားဆိုပြီး ကစားကြည့်နေတာပါ
ထင်သလောက်တော့မလွယ်ပါဘူး ရတာတွေက နည်းပါတယ် တစ်ရက်နည်းနည်းချင်းစုချင်သူတွေအတွက်တော့ ကောင်းမှာပါ စိတ်ရှည်လက်ရှည်လေးနဲ့ကစားရမှာဖြစ်ပါတယ် တစ်ရက်တစ်နေ့အတွက်မဟုတ်ပါဘဲ
နှစ်ရှည်အောင် ထိန်းကစားရမယ့်သဘောပါဘဲ
အရင်းအနှီးကလည်း လိုအပ်တာတွေ့ရပါတယ် အရင်းအနှီး လိုက်နိုင်ရင်တော့ ဒီဂိမ်းက ငွေရနိုင်ပါတယ်
အရင်းအနှီးဆိုလို့လည်း နည်းနည်းနောနောတော့မဟုတ်ပါဘူး
တူတူတန်တန် အဆင့်အတန်းကို တက်ရောက်ကစားမယ်ဆိုရင်တော့ ဒေါ်လာ သောင်းချီ လိုအပ်ပါတယ်
ဒါတောင် အဆင့်မြင့်တန်းကို မတက်နိုင်သေးပါဘူး အထက်တန်းလွှာကစားသမားတွေက ဒေါ်လာ သိန်းချီအောင် ရင်းနှီးထားကြတာတွေ့ရပါတယ်
အခုစမ်းကစားကြည့်တာတော့ နေ့စဉ်လုပ်ရတာတွေက ပျော်စရာတော့ကောင်းပါတယ် ပြန်ရတာကလည်း ကံတရားနဲ့လည်း ဆိုင်ပါတယ် ကံကောင်းရင် ကောင်းသလို ရတက်တာပါ
ဘာမှ မရတာတော့မရှိတာတွေ့ရပါတယ် ကိုယ်လုပ်ရင် လုပ်သလောက်တော့ အနည်းငယ်ဖြစ်ဖြစ်ပြန်ရပါတယ်
ဆုံးရှုံးမှုကတာ့ မရှိပါဘူး ရတာ နည်းတာလေး တစ်ခုပါဘဲ
အခုတော့ အချိန်ရတိုင်း ဂိမ်းလေးတွေကစားရင်း စမ်းကြည့်နေပါတယ်
စာရေးခြင်းကလည်း ထင်သလောက် အဆင်မပြေပါဘူး
အပ်ဘုတ်ပေးမယ့် စပေါ့က ဘုရားရှာရသလိုပါဘဲ
mm7@mm7

ဂိမ်းကစားနေပါတယ် | Ecency