rorgame ကစားတဲ့အထဲမှာတော့ Fast Knife ကစားရတာ တော်တော်ကြီးကို အရသာရှိပါသည်။ ဓါးရေးကျွမ်းလို့တော့မဟုတ်ရပါ
ဒေါသထွက်နေတဲ့အချိန် ဒီဂိမ်းကစားရင် ပိုကောင်းပါသည်။ ကိုယ့်စိတ်ထဲမကျေနပ်တာတွေကို ဓါးပစ်တဲ့နေရာတည့်တည့်ချိန်ပြီးသာ ပစ်ထည့်လိုက် အပြင်မှာ တကယ် ဓါးနဲ့ ပစ်လိုက်ရသလိုဘဲ တည့်မက်စွာ စိုက်ဝင်သွားတာကိုကြည့်ရင်း စိတ်တွေဖြေလျှော့လိုက်မိသည်။ ဒါကလည်း တကယ်အသုံးဝင်တဲ့ နည်းလမ်းတစ်ခုဖြစ်သည်။ အပြင်မှာ တော့ ဓါးနဲ့ သွားပစ်လို့ကမဖြစ်ပါ ဂျေးထဲရောက်သွားနိုင်သည် သို့တည်းမဟုတ်ကိုယ်ပစ်လိုက်တဲ့ ဓါးနဲ့ ကိုယ့်ကို ပြန်ပြီး ဆော်သွားနိုင်ပါသည်။ ဂိမ်းထဲမှာတော့ ကိုယ့်ရဲ့ ဓါးပစ်စွမ်းရည်က မသေးပါဘူး စုစုပေါင်း ဆယ်ချက်တိတိပစ်မှတ်ကို ထိနိုင်ခဲ့ပါတယ် ဒီထက်ပိုပြီး ပစ်နိုင်သေးတယ်လို့လည်း ယုံကြည်ပါသည်။ နောက်တစ်ခါပြိုင်ပွဲရောက်လျှင်ောတ့ ဓါးဆယ့်ငါးချောင်းလောက် စိုက်အောင် ပစ်ဖို့ ကြိုးစားကြည့်ပါဦးမည် ဒီဂိမ်းမှာတော့ ပြိုင်ဆိုင်သူ အတော်များသည် ကိုယ့်လိုဘဲ ဓါပစ်ရတာ စိတ်ဝင်စားသူ များသည်ထင်ပါသည်။
Dia 456 ကျန်ပါသေးသည်။ ပြိုင်ပွဲ တစ်ခုကို တစ်ကြိမ်သာ ပြိုင်သည်ဖြစ်လို့ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ တစ်ပွဲတည်းနဲ့ တော်လိုက်ပါသည်။ ဒီနေ့အတွက် ပြိုင်ပွဲသုံးခဲလုံးကို ဒီအိုင်အေ ပေးပြီး ကစားထားပါသည်။ စုစုပေါင်း ဆယ့်ငါးခု ရင်းပြီး ကစားထားသည် ပြိုင်ပွဲ နှစ်ခုတွင် အခြေအနေကောင်းပါသည်။ ပြိုင်ပွဲ နှစ်ခုအတွက် ဒီအိုင် အမြတ် တစ်ဆယ်ကျော်ရမည်ဖြစ်ပါသည်။ သိပ်မကြာခင် ရက်ပိုင်းမှာတော့ ဒီအိုင်အေ 600 ရနိုင်မည်ဖြစ်ပါသည်။ တဖြည်းဖြည်းချင်း စုသွားရမည်ဖြစ်ပါသည်။
ဒီနေ့အတွက် တော့ အဆင့် 4 နဲ့ဘဲ ကျေနပ်လိုက်ရပါသည်။ ထိပ်ဆုံးက ဆ၇ာကြီးကတော့ ဒီအိုင်အေ သုံးဆယ်ကျော်ရထားပါသည်။ ကိုယ်ကတော့ အဆင့်လေးဖြစ်တဲ့အတွက် ဒီအိုင်အေ ခုနှစ်ခု ရပါသည်။ အရင်းက ငါးခုဖြစ်လို့ အမြတ် နှစ်ခုသာ ရပါသည်။ လက်ရှိပြိုင်ဆိုင်သူ အရေအတွက်အရ ဒီအဆင့်သည် အတည်မဖြစ်နိုင်သေးပါ နောက်ထပ် ပြိုင်ဆိုင်သူအရေအတွက် ထပ်တိုးလာမည်ဆိုလျှင် အဆင့် ဆက်လက်လျှော့ကျလာနိုင်ပါသည်။
https://play.google.com/store/apps/details?id=com.ziplab.rorgame
INVEN Gaming Discord Channel: https://discord.gg/vyPHGk6