အပူအင်ကင်းတဲ့ဘဝလေး တမ်းတမိတယ်မဟုတ်လား အားလုံးက လူသားတွေပါ အေးချမ်းတဲ့ဘဝမှာ သာသာယာယာ လျှောက်လှမ်းချင်ပါတယ် ဘယ်သူက အပူမီးကို လိုချင်ပါ့မလဲ အပူမလိုချင်သော်လည်း အပူမီးတွေက ဟိုမှသည်မှ ကူးစက်လောင်ကျွမ်းနေလေတယ် အချစ်မီး သောကမီး စီးပွားမီး ဘာမီးမှ မကောင်းပါဘူး လျှပ်စစ်မီးကလွဲရင်ပေါ့ သူလဲ တစ်ခါတစ်ခါ ထထ ဖေါက်တက်တယ် သိပ်ကောင်းလှတယ်တော့မဟုတ်သေးပါ
အပူမီးတွေထဲမှာ မြို့ပြအပူမီး ကလည်း တစ်ပါး ပါဝင်တယ်လို့ တင်စားရမလိုပါ မြို့ပြရဲ့ အပူမီးတွေ ကို ငြီးငွေ့လာခဲ့ရင်ပေါ့ ပန်းပေါငး်စုံတဲ့ တောမြိုင်လယ်ကို အရောက်လှမ်းခဲ့ပါ ဘာညာ သာရဂါ ဖိတ်ခေါ်တာတွေ ကြးဖူးရဲ့
ဟုတ်တယ် မွန်းကြပ်တဲ့ မြို့ထဲက ခဏလောက်ထွက် တောတောင်ရေမြေစိမ်းလမ်းသောအေးချမ်း တိတ်ဆိတ်သော ကားနံ့ ဆီနံ့ လူနံ့ အနံ့ ပေါင်းစုံ ကင်းဝေးသော နေရာကို သွားရောက် နေထိုင်လိုက်တာကလည်း အမောတွေကို ပြေစေနိုင်တယ်
အားအင်တွေ ပြန်လည်ဖြည့်တင်းပေးသလိုပါဘဲ စိတ်ကိုလည်း အနားပေးရပါလိမ့်မယ်
ကိုယ်တိုင် စိုက်ပျိုးဖူးတဲ့ ပန်းခင်းလေးထဲ ဖြတ်လျှောက်ခွင့်ရဦးမယ်ဆိုရင်တော့ ဘယ်လောက် ကြည်နူးဖွယ်ကောင်းနေမယ်မသိနိုင်ပါဘူး
တစ်ကြိမ်လောက်တော့ ဖြတ်လျှောက်ဖူးချင်ခဲ့တယ်
အခုတော့ ဘာတွေကို ဘယ်လို ငြိုးနေတယ်မသိ ဘယ်မှလည်း သွားမရ ဘာမှလည်း လုပ်မရ ဘယ်လောက်မှလည်း ဝင်ငွေကမရှီ ဘယ်သူ့ ဘယ်သူမှလည်း မကူနိုင် မကယ်နိုင် သူလည်းပူ ကိုယ်လည်းပူ အပူတွေ ကိုယ်စီနဲ့ အေးချမ်းတဲ့ တစ်နေ့ရောက်ရလိမ့်မယ် မျှော်လင့်နေကြဆဲပါဘဲ
ဟုတ်ပါတယ် အေးချမ်းတဲ့ တစ်နေ့ ရောက်လာရမှာပါ ဘယ်တော့လည်း ဘယ်အချိန်လည်း မသိနိုင်သေးပေမယ် အေးချမ်းတဲ့ နေ့လေးကို တော့မျှော်လင့်မိနေပါတယ်