လူတွေကြားထဲမှာနေရတော့လည်း လူတွေရဲ့ ကောင်းတာတွေ မကောင်းတာတွေကို ရင်ဆိုင်ရတယ် အပေါင်းအသင်း မိတ်ဆွေဆိုတာလည်း မလွဲမသွေ ပေါငး်နေရတယ် ဒုက္ခပေးတဲ့ မိတ်ဆွေရှိသလို အကျိုးပေးတဲ့ မိတ်ဆွေလည်းရှိတယ် အများအားဖြင့်တော့ ဒါတွေက အချိန်ကြာမှ သိရတာ အတော်ဆိုးတယ် တစ်ချို့ ဆိုရင် နှစ်ရှည်လများပေါင်းလာပြီး နောက်မှ သိရတယ် အသိနောက်ကျတယ် ကိုယ်သိရချိန်က ကိုယ့်ကို နောက်ကျောဓါးထိုးသွားခဲ့ပြီ ဒီတော့ ကိုယ့်အနားက အနီးဆုံးလူတွေကို အမြဲသတိထားရတယ် တကယ်ကို သတိထားရတယ်
အဆင်ပြေနေတုန်းတော့ ပြုံးရယ်နေပေမယ့် အဆင်မပြေတဲ့အခါ လမ်းတွေ့တောင် မသိသလို ကျော်ခွသွားသူလည်းရှိတယ်
နောက်တစ်ခုက ရှေ့တစ်မျိုးကွယ်ရာတစ်မျိဒး ကိုယ့်ရှေ့မှာတော့ ကိုယ့်အတွက် အကော်ငးဆုံး ပေးဆပ် ကူညီမယ့်သူ အရာရာအသင့်ရှိသူ စကားတွေ ရွှင်းရွှင်းဝေအောင်ပြောတက်တယ် နောက်ကွယ်မှာတော့ ကိုယ်အကြောင်းကို မောင်းလိုက်တီး တက်တဲ့ အတင်းတုပ် ပါးစပ်အရသာခံတက်တဲ့သူတွေပေါ့ သိပ်သတိထားရတယ် အဲ့သလိုလူက အမြဲစိတ်သောကပေးနိုင်တဲ့သူတွေ ဖြစ်နိုင်ရင်တော့ အဲ့သလိုလူနဲ့ ဇာတ်လမ်း အပြတ်ဖြတ်တာအကောင်းဆုံးဘဲ
နောက်တစ်မျိုးလည်း ရှိသေးတယ် မကောင်းတာအတွက်ဆို တက်တက်ကြွကြွနဲ့ကို ပူးပေါင်း ဆောင်ရွက်တက်တဲ့သူ ဂျောက်ချရမယ် ဂျင်းထည့်ရမယ် ဝန်မလေးတဲ့သူတွေပေါ့ အဲ့သလိုလူတွေက တကယ် ကိုယ်နဲ့ အရင်းနှီးဆုံးတွေ ဖြစ်နေတက်တာ
အကောင်းဆုံးကတော့ စိတ်နှစ်ပြီး အယုံလွယ် ပေါင်းသင်းတက်တဲ့ အကျင့်တွေ ဖျောက်ရပါတော့မယ်
လူတွေက ကောင်းကြပါတယ် မကောင်းတဲ့သူတွေလည်းရှိတယ် အခုကောင်းနေလည်း သတိတော့ ထားရတယ် အမြဲသတိထားရတယ်